အမျိုးသားတွေ အနေနဲ့ ကိုယ့်ချစ်သူ ကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်

ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူ ရည်းစား မျိုးကို လိုက်ရှာ နေရင်တော့ တွေ့မယ် မထင်ပါဘူး။ ခုလက်ရှိ ကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာ ကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါ တယ်။ ဒါပေမယ့် အမျိုးသားတွေ အနေနဲ့ ကိုယ့် ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်း ကွဲပြားတဲ့ အရည်အချင်း တစ်ချို့ကို ပိုင်ဆိုင်စေချင် ကြပါ တယ်။ ဘယ်လို အရည်အချင်း မျိုးတွေလဲ ဆိုတာ တစ်ချက်ကြည့် ကြရအောင်။

၁။ဘာမဟုတ် တာလေးတွေကို ပွစိပွစိပြောပြီး ရန်မရှာတတ်တာမျိုး

မိန်းကလေး တော်တော်များများဟာ သူတို့စိတ်အလို မကျတော့ဘူးဆိုရင် သွား လာမထိနဲ့၊ စိတ်ဆိုးနေ တယ်လို့ ပြောပြီး မကျေနပ်ချက်တွေကို ပွစိပွစိ လုပ်တတ်ကြ ပါတယ်တဲ့။ တည်ငြိမ်ပြီးရင့်ကျက်တဲ့ မိန်းကလေး အနည်းငယ်ကတော့ မြင်သမျှအရာတိုင်းကို ပြသနာမလုပ်တတ်သလို တကယ်ပြသနာတွေ ကိုမှ မျက်နှာချင်းဆိုင် ဖြေရှင်းတတ်ကြတာမျိုးပါ။

၂။အရာအားလုံးကို မမှီခိုနေတတ်တာမျိုး

ငွေရေးကြေးရေအရရော၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုတွေအရရော အမျိုးသားတွေဟာ ကိုယ့်ချစ်သူက ကိုယ့်ကို မှီခိုတာမျိုးကို သဘောကျကြတယ်လို့ ထင်ပါလိမ့်မယ်။ အမှန်တော့ ရေရှည်မှာ ကိုယ့်ရဲ့စဉ်းစာ ဥာဏ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်အားကိုယ့်ကိုးတဲ့ ချစ်သူမျိုးကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ အရာအားလုံး သူတို့လုပ်ပေးမှ အဆင်ပြေနိုင်တဲ့ သူမျိုးကိုတော့ ဘယ်သူမှ မလိုချင်ပါဘူး။

၃။စမတ်ကျကျလေး နေတတ်တာမျိုး

အပေါ်က အချက်လိုပါပဲ။ ကိုယ့်ချစ်သူက တုံးအနေတာမျိုး ဘယ်ယောင်္ကျားလေးက လိုချင်မှာလဲ။ မေး လိုက်တိုင်း ဘာဆိုဘာမှမသိတဲ့ ချစ်သူမျိုးထက် စမတ်ကျကျလေး နေတတ်တဲ့ ချစ်သူမျိုးကို ပိုပိုင်ဆိုင်ချင်ကြ တာပါ။

၎။ညှို့အားပြင်းပြင်းနဲ့ သူတို့ကို ဆွဲဆောင်နိုင်တာမျိုး

ကိုယ်ခန္ဓာလှတာ မလှတာ ၊ ပိန်တာ၊ ၀တာမျိုးတွေနဲ့ မဆိုင်ပါဘူး။ သူတို့ဆိုလိုချင်တာက သူတို့နဲ့ နေတဲ့ အခါမျိုးတွေမှာ ကိုယ်ဟာ သူတို့ကို ဆွဲဆောင်နိုင်တဲ့ ချစ်သူမျိုးဖြစ်တာမျိုးကို လိုချင်တာပါ။

၅။အားလုံးကို ခင်ခင်မင်မင် ပေါင်းသင်း ဆက်ဆံတတ်တာမျိုး

ဒါကတော့ ယောင်္ကျားလေး၊ မိန်းကလေးမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ချစ်သူကို ကိုယ့်သူငယ်ချင်း၊ အပေါင်းအဖော်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေစေချင်တာ၊ ခင်ခင်မင်မင် ပေါင်းသင်း ဆက်ဆံစေချင် ကြတာချည်းပါပဲ။ ဒါဟာ ဆက်ဆံရေးတစ်ခုအတွက် အရေးပါလွန်းလှပါတယ်။

၆။ခွန်အားပေးတတ်တာမျိုး

ဘယ်ယောင်္ကျားလေးမဆို ကိုယ့်ကိုပြောင်းလဲနိုင်စွမ်းရှိတဲ့၊ ကိုယ့်စိတ်ကူးအိုင်ဒီယာတွေကို ပိုမိုသစ်လွင် လာအောင် ဖန်တီးပေးနိုင်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ စိတ်ခွန်းအားဖြည့်ပေးနိုင်မယ့် ချစ်သူမျိုးကို လိုချင်ပါတယ်။


Ref:mensxp.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...