ခံတွင်းနံ့ဆိုးတွေ ပျောက်ကင်းစေဖို့ နည်းလမ်း (၆) ခု
ခံတွင်းနံ့ဆိုးခြင်းဟာ လူအများနဲ့ ဆက်ဆံရတဲ့ အခါမှာ ကိုယ့်ဘေးနားက လူတွေကို အနှောင့် အယှက် အပေးဆုံး အချက်ပါပဲ။ ခံတွင်းနံ့ဆိုး မထွက်အောင် ဘယ်လို ဂရုစိုက် သင့်သလဲ ဆိုတဲ့ အချက်လေးတွေ ဖော်ပြပေး လိုက်ပါတယ်။
သင့်သွားကို အဓိကထား ဂရုစိုက်ပါ
ပထမဆုံးနဲ့ အလွယ်ကူဆုံး နည်းက ပါးစပ်ကို အထူးဂရုစိုက် ပေးပို့ပါ။ သွားပိုးပေါက်တွေ၊ သွားပျက် စီးခြင်း နဲ့ သွားဖုံးပေါ်က ရောဂါပိုးမွှားတွေဟာ မသိမသာ အနံ့အသက်ကို ဖြစ်ပေါ်စေနိုင် ပါတယ်။ သွား တွေနဲ့ သွားဖုံးကြားက ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားဖို့ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးဖို့နဲ့ အနည်း ဆုံး တစ်ရက်တစ်ခါလောက် သွားသန့်ရှင်းရေးလုပ်ပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးသင့်ပါတယ်။ နောက်ပြီး သွားဆရာဝန်ဆီ တစ်နှစ် နှစ်ကြိမ် စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးဖို့လည်း အထူးသတိပြု သင့်ပါတယ်။
သင့်လျှာကို သန့်ရှင်းအောင်ထားပါ
လျှာရဲ့အရင်းနေရာဟာ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွားများ ပေါက်ပွားရာနေရာနဲ့ အနံ့အသက် ဆိုးတွေ ထွက်စေတဲ့နေရာ တစ်နေရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက သွားတိုက်တဲ့အခါ အရေးပါတဲ့ အဲဒီနေရာကို လစ်လျူရှု တတ်ကြတယ်။
အချိုဓာတ်ကို ရှောင်ပါ
အရွက်စိမ်းနဲ့ ဂျမ်(ပီကေ)စားပေးခြင်းဖြင့် အနံ့အသက်ဆိုးကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့ သင့် သိကြား အချိုဓာတ်ပါတဲ့ အမျိုးအစားတွေအသုံးပြုမယ်ဆိုရင် ပြဿနာကို တိုးပွားစေသလိုဖြစ်နေပါလိမ့်မယ်။ သင့်ပါစပ်းထဲက ဘက်တီးရီးယားတွေက ဆိုးရွားတဲ့ အနံ့အသက်တွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။
အာခေါင်ကို စိုစွတ်နေအောင်ထားပါ
တံတွေးမှာ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ အဓိကမရှိမဖြစ် အင်ဇိုင်းတွေပါဝင်တာကြောင့် အာခေါင် ကပ်နေတယ်ရင် အနံ့အသက်တွေ ထွက်တတ်ပါတယ်။ ရေကို ပုံမှန်သောက်ပေးခြင်းဖြင့် တံတွေးဂလင်းတွေကို လှုံ့ဆော်ပေးပြီး အာခေါင်ကို စိုစွတ်နေအောင်ထိန်းပေး ပါတယ်။
အနားယူ လက်ဖက်ရည်သောက်ဖို့ အချိန်ပေးပါ
ရေနွေးကြမ်းသောက်ခြင်းသည် လည်း အနံ့ဆိုးတွေကို ပျောက်ကင်းစေဖို့အထောက်အကူဖြစ်စေပါတယ်။ လက်ဖက်ခြောက်တွေမှာ ပါတဲ့ chemical ဓာတ်တွေဟာ ဘက်တီးရီးယားတွေကြောင့် ထွက်တဲ့ အနံ့ဆိုး တွေအပါအ၀င် ၎င်းဘက်တီးရီးယား ပိုးမွားတွေရဲ့ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပါတယ်။
ဟင်းခတ်အမွှေးအကြိုင် အသုံးပြုခြင်း
အိန္ဒိယအစားအစာတွေမှာ တွေ့နိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်မှာ ဘက်တီးရီးယားပိုးကို ခုခံနိုင်တဲ့ အာနိသင်ပါရှိတယ်လို့ သိရှိရပြီး ပါစပ်းအနံ့အသက်ကင်းစင်အောင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့တယ်လို့ သိရှိရပါတယ်။ ဖာလာပင်ဟာ ဘီးတီးရီးယားပိုးမွားတွေကို သေစေပြီး ပြင်းထန်တဲ့ အနံ့သက်ဆိုးတွေကို သက်သာပျောက်ကင်းစေတဲ့ စီနိုလီ တစ်မျိုးပါဝင်ပါတယ်။
Source: womenshealthmag

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook