ဘဲကင် ချဉ်စပ်ခေါက်ဆွဲ



***... ဘဲကင် ချဉ်စပ်ခေါက်ဆွဲ အတွက် လိုအပ်တာလေးတွေ…

ခေါက်ဆွဲ (wonton noodle)
ကြက် (သို.) ဝက်ပြုတ်ရည်
ဘဲကင်
မုန်ညင်း
ငရုတ်သီးစိမ်း
သံပရာရည်
ပူစီနံ (mint)
ငါးငံပြာရည်
ပဲငံပြာရည်အကျဲ
အရသာမှုန်. (chicken powder)

ကြက် (သို.) ဝက်ပြုတ်ရည် ဆူဆူထဲ ခေါက်ဆွဲ နှင့် မုန်ညင်း ထည့်ကာ ၁ မိနစ်ခန့် ပြုတ် (ပျော့ပျော့ ကြိုက်လျှင် ပိုပြုတ်) ပေးပါ။

ပြုတ်သောအခါ ခေါက်ဆွဲများ မကပ်စေရန် ဖွပြီးမှပြုတ်ပါ။ ပြုတ်နေချိန်၌လည်း တူဖြင့် အနည်းငယ် မွှေပေးပါ။

ပြီးလျှင် ပန်းကန်လုံးတစ်ခုထဲ လောင်းထည့်ပြီး အရသာမှုန်.၊ ငါးငံပြာရည်၊ ပဲငံပြာရည်အကျဲ နှင့် သံပရာရည်တို့ကို ထည့်ကာ အရသာမြည်းကြည့်ပါ။

အရသာအနေတော်လေးဖြစ်လျှင် ဘဲကင်၊ ငရုတ်သီး နှင့် ပူစီနံလေးထည့်ကာ ဘဲကင် ချဉ်စပ်ခေါက်ဆွဲကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

ref;https://www.facebook.com/ChawSusFoodFriends
--------------------------------------

ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...