ဂဏန်းအသား နှင့် မှို မဆလာသုပ်
***... ဂဏန်းအသား နှင့် မှို မဆလာသုပ် အတွက် လိုအပ်တာ လေးတွေ…
1. ဂဏန်းအသား – 250 g (၁၆ ကျပ်သားခန့်)
2. မဆလာ – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
3. ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
4. Shimeji Mushroom – 300 g
5. Enoki Mushroom – 100 g
6. ပါးပါး လှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၂ ဇွန်းခွဲခန်.
7. အစေ့ထုတ်ကာ ပါးပါး လှီးထားသော ခရမ်းချဉ်သီး – 1 1/4 cups (310 ml)
8. ပါးပါးလှီးကာ ရေဆေး ထားသော ကြက်သွန်နီ – 1 1/4 cups (310 ml)
9. လက်ဆစ် တစ်ဝက်ခန့် အရှည်လှီးထားသော ပူစီနံ (mint) – 1 cup (250 ml)
10. အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
11. ငါးငံပြာရည် – ထမင်းစားဇွန်း ၆ ဇွန်း
12. သံပုရာရည် – ထမင်းစားဇွန်း ၇ ဇွန်း
ဂဏန်းအသား၊ ဆီ နှင့် မဆလာ တို့ကို ရောကာ ၃ မိနစ်ခန့် ကြော်ပေးပြီး အအေးခံထားပါ။
မှိုလေးတွေကို ရေဆေးကာ အနည်းငယ်ဖဲ့ရွဲ့ထားပါ။
ပြီးလျှင် ရေနွေးဆူဆူထဲ ထည့်ပြီး အဖုံး ဖုံးကာ ၂ မိနစ်ခန့် ထား၍ ရေပြန်စစ်ထားပါ။
ပြီးလျှင် အားလုံးကို ဇလုံတစ်လုံးထဲ ထည့်ကာ ဖွဖွလေးရောနယ် သုပ်လိုက်လျှင် ချဉ်ချဉ်စပ်စပ် နှင့် မဆလာနံ့လေးမွှေးနေသော ဂဏန်းအသား နှင့် မှို မဆလာ သုပ်လေး စားရန် အသင့်ဖြစ်ပါပြီ။
ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook