လူ၏ ချွေးမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပြီး စမတ်ဖုန်းများကို အားသွင်း ပေးနိုင်သည့် နည်းပညာကို တီထွင်နေ
အနာဂတ်တွင် ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ် ခြင်းဖြင့် ထွက်ပေါ်လာသော ချွေးမှ လျှပ်စစ် စွမ်းအင်ဖြင့် စမတ်ဖုန်းနှင့် အီလက်ထရောနစ် ကိရိယာများကို အားသွင်း ပေးနိုင်တော့မည် ဖြစ်သည်။ California San Diego University မှ သုတေသန ပညာရှင်များက လေ့ကျင့်ခန်း ပြုလုပ်နေစဉ် ထွက်ပေါ်လာသော ချွေးကို လျှပ်စစ် စွမ်းအား အဖြစ် ပြောင်းလဲပေးနိုင်သော ခဏတာ ရေးထိုးထားသည့် တက်တူး ပုံစံအသွင်ဖြင့် ပြုလုပ်ထားသော Biosensor ကို တီထွင်လိုက်ပါသည်။
Sensor သည် လေ့ကျင့်ခန်းလုပ်စဉ် ဖြစ်ပေါ်သော Glycolysis ဖြစ်စဉ် မှ ထွက်ပေါ်သော ချွေးမှ လက် တစ်အက်ဆစ်များကို သိရှိတိုင်းတာပြီး တုန့်ပြန်နိုင်ခြင်း ဖြစ်ပါသည်။ ထိုသို့ တိုင်းတာခြင်းသည် အားကစား သမားများကို လေ့ကျင့်ပေးလျှင် ကူညီပေးနိုင်ပါသည်။ ယခု ရှာဖွေတွေ့ရှိမှု မတိုင်ခင်တွင် လေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင် သွေးနမူနာများကို အကြိမ်များစွာ ရယူတိုင်းတာရခြင်း ဖြစ်ပါသည်။ Sensor ဖြင့် ချွေးတွင်ပါသည့် လက်တစ် အက်ဆစ်များကို တိုင်းတာခြင်းသည် ပိုမိုလွယ်ကူ အဆင်ပြေ လာပါသည်။ ပိုမိုကောင်းသည့် အကျိုးကျေးဇူးမှာ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ခြင်း ဖြစ်ပါသည်။
ပညာရှင်များက Sensor နှင့် ချိတ်ဆက်နိုင်ပြီး လျှပ်စစ်စွမ်းအင် သိုလှောင်နိုင်သော Biobattery ကိုလည်း တီထွင်ခဲ့ပါသည်။ ယခု ကိရိယာ၏ ဒီဇိုင်းသည် အရွယ်အားဖြင့် 2x3 မီလီမီတာ သာရှိပါသည်။ လေ့ကျင့် ခန်း ပြုလုပ်စဉ်ထွက်ရှိသော လျှပ်စစ်ပမာဏမှာ နာရီတစ်လုံးကို အားသွင်းရန် လိုအပ်သည့် ပမာဏ၏ တစ်ဝက်မျှသာရှိသော 4 Microwatts ဖြစ်ပါသည်။
ထုတ်လုပ်ပေးသော လျှပ်စစ်ပမာဏမှာ အလွန်မများသော်လည်း သေးငယ်သော အီလက်ထရောနစ် ကိရိယာများကို အားသွင်းပေးနိုင်လောက်အောင် ဆက်လက် တီထွင်မည်ဟု ပညာရှင်များက ပြောပါသည်။
Biobattery ၏ အလုပ်လုပ်ပုံကို အောက်မှ ဗီဒီယိုတွင် လေ့လာနိုင်ပါသည်။
ref;Myanmar Digital Life Journal

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) အသား စားသုံးမှုနှင့် ကမ္ဘာကြီး ပူနွေးမှု Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) သရုပ်ဆောင် ချစ်သုဝေ... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'