ဝက်သား ကောက်ညင်းထုပ် (၁၂) ထုပ်
***... ဝက်သား ကောက်ညင်းထုပ် (၁၂) ထုပ် အတွက် လိုအပ်တာ လေးတွေ…
1. ဝါးရွက် – ၂၄ ရွက် + အပို ၄ ရွက် (ထုပ်နေရင်း ပြဲသွားလျှင် အစားထိုး သုံးရန်)
2. ကောက်ညင်း – ၄ ခွက် (rice cooker တွင် ပါသော ခွက်)
3. ဝက် သုံးထပ်သား (သို.) ကြိုက်နှစ်သက်ရာ အသား – 350 g
4. ခရုဆီ – ထမင်းစား ဇွန်း ၅ ဇွန်း
5. အရသာမှုန်. – လက်ဖက်ရည် ဇွန်း တစ်ဝက်
6. ငရုတ်ကောင်းမှုန်. – လက်ဖက်ရည် ဇွန်း တစ်ဝက်
7. five spice powder – လက်ဖက်ရည် ဇွန်း ၄ ပုံ ၁ ပုံ
8. cooking wine – ထမင်းစား ဇွန်း ၁ ဇွန်း
9. shiitake mushroom – ၄ ပွင့်
10. ဝက်အူချောင်း – ၁ ချောင်း
11. ကြက်ဥ – ၃ လုံး
13. မြေပဲ – ၂၄ စေ့
14. ပုဇွန်ခြောက် အကောင်သေး – ၃၆ ကောင်
15. cooking string – ၃၆ ပေခန်. (၃ ပေခန့် အရှည် ၁၂ ကြိုး ဖြတ်ထားပါ၊)
ဝါးရွက်ခြောက်များကို ရေအေးထဲ ထည့်ပြုတ်ပါ။
ရေဆူပြီးနောက် ၁၀ မိနစ်ဆက်ပြုတ်ပေးပါ။
ပြီးလျှင် ရေအေးဖြင့် ဆေးပြီး၊ ရေအေးထဲ တစ်ညအိပ် ရေစိမ်ထားပါ။
shiitake mushroom ကို ၃ နာရီ ရေစိမ်ပြီး ရေစစ်ကာ ၃၆ ခု လှီးထားပါ။
ဝက်အူချောင်း ကို ခပ်စောင်းစောင်း ၁၂ တုံး လှီးထားပါ။
ကြက်ဥပြုတ်ပြီး ၄ စိတ်စီ စိတ်ထားပါ။
မြေပဲ နှင့် ပုဇွန်ခြောက်ကို နာရီဝက်ခန့် ရေစိမ်ပြီး ရေစစ်ထားပါ။
၃ နာရီခန်.ရေစိမ်ကာ ရေပြန်စစ်ထားသော ကောက်ညင်းကို ခရုဆီ (ထမင်းစားဇွန်း ၄ ဇွန်း) ဖြင့် နယ်ထားပါ။
လက်မ အရွယ်ခန်.လှီးထားသော အသား (၃၆) တုံး ကို ခရုဆီ (ထမင်းစားဇွန်း ၁ ဇွန်း)၊ အရသာမှုန်. (လက်ဖက်ရည်ဇွန်း တစ်ဝက်) ငရုတ်ကောင်းမှုန်. (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ five spice powder (လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ) cooking wine (ထမင်းစားဇွန်း ၁ ဇွန်း) တို့ဖြင့် နယ်ထားပါ။
***... လိုအပ်တာလေးတွေ ပြင်ဆင်ပြီးပြီမို. ကောက်ညင်းထုပ်လေး စထုပ်ရအောင်…
ဝါးရွက်များ၏ အစွန်း ၂ ဖက်ကို လက်၂ လုံးခန်.စီ ညှပ်ထုတ်ထားပါ။
ပြီးလျှင် ဝါးရွက် ၂ ရွက် ကို ပုံပါအတိုင်းထပ်ပါ။
ကန်တော့ချွန်ဖြစ်အောင်လုပ်ပေးပါ။
ကောက်ညင်းဆန် (ထမင်းစားဇွန်း ၂ ဇွန်း)ခန်.ကို ဦးစွာထည့်ပါ။
ပြီးလျှင် အသား ၃ ဖတ်၊ ပုဇွန်ခြောက် ၃ ကောင်၊ မှို ၃ ဖတ်၊ မြေပဲ ၂ စေ့၊ ဝက်အူချောင်း ၁ ဖတ်၊ ကြက်ဥ ၁ စိတ် ကိုထည့်ပြီး နောက်ထပ် ကောက်ညင်း ဆန် (ထမင်းစားဇွန်း ၂ ဇွန်း) ခန့် ကို အပေါ်ဆုံးမှာ ထပ်ထည့်ပေးပါ။
ထို.နောက် အောက်ပါပုံများအတိုင်း ဆက်ထုတ်သွားပါ။
ကောက်ညင်းပြုတ်သောအခါ မပြည်ထွက်စေရန် ကြိုးကို တင်းတင်းချည်ပေးပါ။
အားလုံးထုတ်ပြီးသွားလျှင် high heat ဖြင့် အပူပေးထားသည့် ပွတ်ပွတ်ဆူနေသော ရေနွေးအိုးထဲ ၃ နာရီခန့် ထည့်ပြုတ်ထားပါ။ (ပြုတ်ချိန်ကြာမှ ကောက်ညင်းသား ပိုစား၍ကောင်းပါတယ်။)
ကောက်ညင်းထုတ်များ ရေပေါ် အရမ်းမပေါ်လာအောင် ရေအနည်းငယ် ခမ်းသွားတိုင်း ပွတ်ပွတ် ဆူနေသော ရေနွေး ထပ်ထည့် ပေးပါ။
၃ နာရီကြာအောင်ပြုတ်ပြီးနောက် အရသာရှိလှသော ဝက်သားကောက်ညင်းထုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook