ထားဝယ်မြို့နယ်ရှိ ကျောင်းများတွင် မရောင်းရသည့် မုန့် ၁၁ မျိုး ထုတ်ပြန်

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ အခြေခံ ပညာကျောင်းများရှိ ကျောင်း မုန့်ဈေးတန်းများတွင် ရောင်းခွင့် မပြုသည့် မုန့် ၁၁ မျိုးစာရင်းကို သြဂုတ်လ ပထမအပတ်တွင် ထားဝယ်မြို့နယ် ကျောင်းကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်လိုက်သည်။

ကျောင်းမုန့်ဈေးတန်းများ၌ ဆိုးဆေး လွန်ကဲစွာ ပါရှိသော ရေခဲထုပ်၊ အချဉ်ထုပ်၊ အချိုရည်ဘူး၊ ဂျယ်လီ၊ ငရုပ်ဆီ၊ အချဉ်ရည်နှင့် မုန့်များ၊ စီးကရက် တံဆိပ်ပါ ဆေးလိပ်ဗူး ပုံစံမုန့်ထုပ်များ၊ အစိမ်းစားရသော အသားတုချောင်းများ၊ ဆေးပြားပုံစံမုန့်များ၊ အာဟာရ ဖွံ့ဖြိုးရေးအတွက် အထောက်အကူ မပြုသောမုန့် ထုပ်များ၊ ကုန်အမှတ်တံဆိပ် မပြည့်စုံသော မုန့်ထုပ်များ၊ သက်တမ်း ကုန်ဆုံးသော မုန့်ထုပ်များ၊ သတ် မှတ်အပူချိန်အတိုင်း မထားရှိသော မုန့်ထုပ်များ၊ မြန်မာ-အင်္ဂလိပ်စာဖြင့် ဖော်ပြထားခြင်း မရှိသော မုန့် ထုပ်များ၊ အမှည့်လွန်သော သစ်သီးများ မရောင်း ရန် ကျောင်းကျန်းမာရေး အဖွဲ့မှ သတ်မှတ်လိုက်သည်။

အမှတ် (၁) အခြေခံအထက်တန်းကျောင်းတွင် သြဂုတ်လ ၆ ရက်နေ့ ကျောင်းကျန်းမာရေး စစ်ဆေး ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ကျောင်းဈေးသည်များကို တစ်ကိုယ်ရည်ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းများ၌ မရောင်းရမုန့် ၁၁ မျိုးစာရင်းကို စတင်ဖြန့်ဝေပေးခဲ့ကြောင်း ထားဝယ်မြို့ နယ် ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“မြို့ပေါ်မှာရှိတဲ့ ကျောင်းမုန့်ဈေးတန်းများမှာ ရောင်းချနေတဲ့ ဈေးသည်အားလုံးကို ဖြန့်ဝေပေးသွား မယ်” ဟု အထက်ပါကျန်းမာရေးဝန်ထမ်းက ဆိုသည်။

အဆိုပါကျောင်းဈေးသည်များအား ရောင်းခွင့်မပြုသည့် မုန့်စာရင်းအပြင် ကျောင်းဈေးသည်များလိုက် နာရမည့် စည်းကမ်းချက် ၁၂ ချက်ကိုပါ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

စည်းကမ်းချက် ၁၂ ချက်တွင်ထုပ်ပိုး၍ မထားသော အစားအသောက်များကို ယင်မနားအောင် ဖုံးအုပ် ထားရန်နှင့် ကိုင်တွယ်ရာတွင်တစ်ခါသုံး လက်အိတ်အသုံးပြု၍ ကိုင်တွယ်ရန်၊ မည်သည့်အစားအ သောက် မဆို လတ်ဆတ်သန့်ရှင်းစွာ ရောင်းချရန်၊ ဈေးရောင်းသူတစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းမွန် မှုရှိစေ ရန်နှင့် ကျန်းမာရေးစစ်ဆေးမှုရှိစေရန်၊ မိမိ၏ဈေးဆိုင်နှင့် ပတ်ဝန်းကျင်ကိုသန့်ရှင်းစွာ ထားရန်စ သော အချက်များ ပါရှိသည်။

“ကျန်တာတွေတော့ သတိမထားမိဘူး။ အစိမ်းစားလို့ရတဲ့ အသားတုတွေတော့ ရောင်းတယ်” ဟု ထား ဝယ်မြို့ အ.ထ.က (၁) မှ ကျောင်းသူတစ်ဦးက ဆိုသည်။

ထားဝယ်မြို့ ကျောင်းကျန်းမာရေးဌာနနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း ၄၁ ကျောင်း၌ ကျောင်း ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကိုဇွန်လ ၂၃ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ လ ၂၉ ရက်နေ့အထိ သတ်မှတ်ထားသော ကျောင်းအလိုက် လုပ်ဆောင်သွားမည်ဟု ကျောင်းကျန်းမာ ရေးဌာနမှ သိရသည်။ 


Democracy Today Daily
သြဂုတ် (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...