|
အေသင်အောင် |
အင်္ဂလန်နိုင်ငံက ကလေး တစ်ယောက် မိခင် ၀က်ဘ်စတာဟာ လေဖြတ်ဝေဒနာ ခံစားနေ ရပေမယ့် ဘွဲ့ရအောင် ယူနိုင် ခဲ့တယ်လို့ သိရပါ တယ်။ စတက်ဖို့ဒ် ရှိုင်းယားမှာ နေထိုင်တဲ့ အသက် (၄၂)နှစ် အရွယ် ၀က်ဘ် စတာဟာ ကလေးမွေးပြီး နှစ်ပတ် အကြာမှာ လေဖြတ်သွား ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၃ မှာ စတင် ဖြစ်ပွားခဲ့ တဲ့ လေဖြတ် ဝေဒနာဟာ ၀က်ဘ်စတာရဲ့ ဘ၀ကြီး တစ်ခုလုံးကို ပျက်စီးစေခဲ့ပြီး မလှုပ် ရှားနိုင် တော့တဲ့ အခြေအနေမျိုး ရောက် သွား ခဲ့ပါတယ်။ ဆေးပြန်လည်ကုသမှု ခံယူပြီးတဲ့ အခါ ၀က်ဘ်စတာဟာ မျက်လုံးနဲ့ ခေါင်းတွေ အနည်းငယ် ပြန်လည် လှုပ်ရှားနိုင် ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မှာတော့ ဘ၀ကို အရှုံးမပေးကြောင်း ပြသတဲ့အနေနဲ့ အဝေးသင် တက္ကသိုလ် တက်ရောက်ပြီး သမိုင်း ဘာသာရပ်နဲ့ ဘွဲ့ရဖို့ ကြိုးစားခဲ့ပါတယ်။ ၀က်ဘ်စတာဟာ ကွန်ပျူတာနဲ့ တစ်နာရီကို စာလုံးရေ (၅၀) ရိုက်နိုင်ပြီး လေ့လာ သင်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်ပိုင်း မှာလည်း မာစတာဘွဲ့ ဆက် လက် ရယူဖို့ ကြိုးစားသွား ဦးမှာ ဖြစ်ပါတယ်။ ၀က်ဘ်စတာက ကျွန်မရဲ့ ရည်ရွယ်ချက်ကို အကောင်အ ထည်ဖော်ဖို့ မဆုတ်မနစ် ကြိုးစားခဲ့ပါတယ်။ လေဖြတ်သွားပြီးတဲ့ နောက်ဘာမှ လှုပ်ရှားလို့ မရတော့ပါ ဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ဦးနှောက်တွေက လှုပ်ရှားနိုင်ပါသေးတယ်၊ ကျွန်မဟာ လုပ်နိုင်သေးတယ် ဆိုတာ သက်သေပြဖို့ ကြိုးစား ခဲ့တာပါလို့ ရင်ဖွင့်သွားခဲ့ပါတယ်။
The Messenger
ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...