အွန်လိုင်းမှာ လူပြော များနေတဲ့ ရေသူမနဲ့ ပတ်သက်လို့

အွန်လိုင်းမှာ နာမည်ကြီးပြီး အငြင်းအခုန်ဖြစ်နေတဲ့ ရေသူမ နဲ့ပတ်သက်တဲ့ မူလ ဖန်တီးရှင်ကို တွေ့ပါပြီ။ တကယ်တော့ ဒီ ရေသူမ ဆိုတာကို Pirates of the Caribbean ဇာတ်ကားထဲမှာ On the Stranger Tides အတွက် ရုပ်လုံးဖော်ကာ ဖန်တီးခဲ့ ကြခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အွန်လိုင်း အသုံးပြုသူတွေကြား ရေသူမ ဆိုတာ တကယ်ရှိတယ်၊ မရှိဘူး၊ အွန်လိုင်းမှာ ခေတ်စားနေတဲ့ ဓာတ်ပုံကလည်း ဒါဟာ ဖိုတိုရှော့ ပါဆိုပြီး ပြောဆိုငြင်းခုန်နေတာတွေလည်း တွေ့ရပါ တယ်။
တကယ်တော့ ဖိုတိုရှော့လည်းမဟုတ်ပါဘူး။ ရေသူမဆိုတာကို ပညာရှင်တွေစုပေါင်းပြီး စိတ်ကူးနဲ့ ပုံဖော်ခဲ့ ကြတာဖြစ်ပါတယ်။
ပညာရှင်တဦးပြောထားတာက သူတို့ ဒီရေသူမ ဆိုတာကို တကယ်အသက်ဝင်တဲ့ ပုံရိပ်တခုဖြစ်လာဖို့
လေ့လာမှုတွေ အများကြီးလုပ်ခဲ့ပြီး အရိုးစုတွေအကြောင်းလည်း လေ့လာခဲ့ရသလို ငါးတပိုင်း၊ လူတပိုင်း သတ္တ၀ါဆိုတာမှာ ဘယ်လို အရိုးအဆစ်မျိုး ဖြစ်နိုင်မလဲဆိုတာ စိတ်ကူးယဉ်ခဲ့ကြတာ ပါဘဲတဲ့။
နောက်ပိုင်းမှာ တကယ့် အသက်ဝင်တဲ့ ပုံစံဖြစ်ဖို့အရေး အရောင်တွေကိုလည်း သေချာ စီစဉ်ခဲ့တာ လို့ ဆိုပါတယ်။ လူ့အသားရေနဲ့ ငါး အသားအရေကို ဘယ်လို ဆက်စပ်ပြီးလိုက်ဖက်ညီအောင်လုပ်ဆောင် ဖန်တီးရတာ တကယ့် အနုပညာပါလို့လည်း ပညာရှင်တဦးက ပြောပါတယ်။
လူပေါင်းသန်းနဲ့ချီတဲ့ သူတွေကို ရေသူမ တကယ်ရှိတယ်လို့ အငြင်းပွားမှုတွေနဲ့ ထင်မှတ်မှားစေတဲ့ အထိ အနုပညာ မြောက်တဲ့ ရေသူမ အရုပ်ကို သူတို့ ဘယ်လို လုပ်ကြသလဲဆိုတာ အခုအောက်က ရုပ်သံဖိုင်မှာ ဧရာဝတီ ပရိသတ် တွေ ကြည့်ရှုနိုင်ပါတယ်။
အိမ့်သံစဉ် ~ ဧရာဝတီ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) Tamron SP 150-600mm ကို APS-C Format ဖြင့် စမ်းသပ် ကြည့်ခြင်း လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး
- (အနောကျသို့) မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး