ကြယ်မိုးတွေ ရွာဦးမည့် သြဂုတ်လ ၁၂ ရက်ည

Perseids Meteor Shower လို့ခေါ်တဲ့ ဥက္ကာခဲတွေ အစုလိုက် ကြွေကျမှုဖြစ်စဉ်ကို သြဂုတ်လ ၁၂ ရက် နေ့ (သဘက်ခါ) ည မှာ မြင်တွေ့ ရတော့မှာ ဖြစ် ပါတယ်။ အမြင့်ဆုံးအချိန်မှာ တစ်နာရီကို အလုံး ၆၀ လောက်အထိ ကြွေနိုင်ပါတယ်။(ကြယ် ကြွေ တယ် ဆိုတာကတော့ ဥက္ကာခဲတွေ ကမ္ဘာ့လေ ထုနဲ့ ပွတ်တိုက်ရာက ဖြစ်ပေါ်လာတဲ့ အလင်းတန်း ဖြစ် ပါတယ်။)

လပြည့်ကျော် တစ်ရက်နေ့မှာ လင်းလက်လုံးဝန်းတဲ့ လမင်းကြီးနဲ့အတူ မြင်တွေ့ ရမှာဖြစ်ပါတယ်။

၁၈၆၂ ခုနှစ်က Swift-Tuttle လို့ အမည်ပေးထားတဲ့ ကြယ်တံခွန်တစ်ခုကို ကျနော်တို့ တွေ့ရှိခဲ့ကြပါ တယ်။ ဒီကြယ်တံခွန် သွားခဲ့တဲ့ လမ်းကြောင်းမှာ အခုလို ဥက္ကာခဲလေးတွေ အများကြီး ကျကျန်ခဲ့ပါတယ်။ ကျနော်တို့ ကမ္ဘာ့ဟာ နှစ်စဉ် ဇူလိုင်လ ၁၇ ရက်မှ သြဂုတ်လ ၂၄ ရက်အတွင်း ဒီလမ်းကြောင်းကို ဖြတ် ပါတယ်။ ဒီနှစ်မှာတော့ သြဂုတ်လ ၁၂ ရက်နေ့ည နဲ့ ၁၃ ရက်နေ့ မနက်တို့မှာ အမြင့်ဆုံး (အများဆုံး) ကြွေကျမှာဘဲ ဖြစ်ပါတော့တယ်..။

လမင်းကြီးက အရမ်းလင်းလက်နေမှာဖြစ်လို့ အချို့သော ကြယ်ကြွေကျခြင်းများကို မြင်နိုင်မှာ မဟုတ်ပါ ဘူး။ ဒါပေမယ့် ညအမှောင်မှာတော့ လင်းခနဲ၊ လက်ခနဲ ဖြစ်သွားတဲ့ ဥက္ကာခဲလေးများကို Perseus လို့ခေါ်တဲ့ အရှေ့မြောက်ဘက်က ကြယ်တာရာ များအတွင်းမှာ အများဆုံး မြင်တွေ့ရမှာဖြစ်ပါတယ်။ အခြားသော နေရာများမှလည်း ပေါ်လာနိုင်ပါသေးတယ်..။

ကြယ်ကြွေတာကြည့်ရင်း.. တောင်းသောဆုများ ပြည့်နိုင်ကြပါစေ..။


ref;အာကာသနှင့် စကြ၀ဠာ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...