အခုထိ ပူနွေးဆဲ.. နှလုံးသားတစ်စုံ
နိုင်ငံတကာမှ အာကာသ သုတေသန ပညာရှင် များဟာ လမင်းကြီးရဲ့ အတွင်းကျဆုံး နေရာမှာ ပျော့ပြောင်းတဲ့ အလွှာတစ်ခုကို တွေ့ရှိခဲ့ကြပါ တယ်။ ဒါဟာ အပူဓါတ်တွေ စုဝေးနေတာဖြစ်ပြီး ဒီအပူချိန်ကို ဖြစ်ပေါ်စေတာ ကတော့ ကမ္ဘာရဲ့ ဆွဲအား (gravity) ရဲ့ သက်ရောက် မှုကြောင့်လို့ တွက်ချက်နိုင် ခဲ့ပါတယ်။
ဒီသုတေသန ပြုလုပ်ချက်ကို SELENE လို့ခေါ်တဲ့ Selenological and Engineering Explorer မှ ရရှိခဲ့တဲ့ သတင်းအချက်အလက်များကို အသုံးပြုပြီး လရဲ့ အတွင်းဘက်ကို တိုင်းတာကြည့်ရှုခဲ့ကြတာပါ.။ ဂျပန်နိုင်ငံက လွှတ်တင်ထားခဲ့တဲ့ အာကာသယာဉ်ပေါ့..။
ဒီရှာဖွေတွေ့ရှိမှုဟာ ဘာကိုပြောနီုင်သလဲဆိုလျှင်.. လမင်းကြီးဟာ အေးခဲပြီး တည်ငြိမ်နေတာ မဟုတ် ဘူး..။ လမင်းကြီးရဲ့ အတွင်းပိုင်းဟာ ပူနွေးနေဆဲဖြစ်ပြီး ကမ္ဘာကြီးနဲ့လည်း နှလုံးသားချင်း ဆက်နွယ်မှု ရှိနေတယ်ဆိုတာပါဘဲ..။ ထိုမှတဆင့် လမင်းကြီးနဲ့ ကျနော်တို့ ကမ္ဘာကြီး အတူတကွ ရှင်သန်ပေါက်ဖွားခဲ့ ပုံများကို ပြန်လည်ဆန်းစစ် လေ့လာနိုင်တော့မှာဘဲ ဖြစ်ပါတော့တယ်..။
Admin (အာကာသနှင့် စကြ၀ဠာ)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook