ပြည်ပ အလုပ်အကိုင် aအဂျင်စီများကို တင်းကျပ်စွာ စိစစ်မည်

ရန်ကုန် လေဆိပ်တွင် မကြာမီက ဖွင့်လှစ်ခဲ့သော မြန်မာရွှေ့ ပြောင်းလုပ်သားများ သတင်းပို့ရာ နေရာ(ဓာတ်ပုံ− အေးမြတ်သူ)

ပြည်ပ အလုပ်အကိုင် အေဂျင်စီ လိုင်စင်များ ဖောင်းပွနေ၍ ပိုင်ဆိုင်မှု အထောက်အထား စိစစ် စစ်ဆေးမှုများကို ယခင်ကထက် တင်းကျပ်စွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ပအ လုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ် အတွင်းရေးမှူး ဦး ကျော်ထင်ကျော်က ပြောသည်။

ယခင်အစိုးရလက်ထက် တွင် ပြည်ပသို့အလုပ်သမား စေလွှတ်ခွင့်လိုင်စင် လျှောက်ထားမှုကို ပိုင်ဆိုင်မှု အထောက်အထား ငွေကျပ် သိန်းတစ်ထောင်နှင့် အ ထက်ပြသနိုင်ပါက လုပ်ကိုင်ခွင့် ပြုခဲ့သည်။ သို့သော် ယခုအရပ် သားအစိုးရ လက်ထက်တွင် အေဂျင်စီ အသင်းချုပ် ဖွဲ့စည်းပြီး နောက်ပိုင်း ယင်းပိုင်ဆိုင်မှုအ ထောက်အထားများ တင်ပြရာ တွင် မှန်ကန်မှုရှိ၊ မရှိ စိစစ်မှု များဆောင် ရွက်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘အခုလိုင်စင်တွေက ဖောင်း ပွနေတော့ လုပ်သားဈေးကွက် ပျက်တော့မယ်။ ရှိပြီးသားတွေကို တော့ ထိန်းချုပ်လို့ ရမှာမဟုတ် ဘူး။ နောက်လုပ်မယ့်လိုင်စင်ကိုပဲ စိစစ်သွားမယ်’’ဟု ဦးကျော်ထင် ကျော်က ပြောသည်။

လက်ရှိအစိုးရက ပြည်ပအ လုပ်အကိုင် လုပ်ကိုင်ခွင့်ပြုထားသည့် လိုင်စင်ရအေဂျင်စီပေါင်း နှစ်ရာကျော် ရှိပြီး လိုင်စင်ရ အေဂျင်စီများ ဖောင်းပွခြင်းသည် တစ်ဖက်နိုင်ငံနှင့် ချိတ်ဆက်၍လုပ် သားစေလွှတ်ရာတွင် ငွေကြေး တောင်းခံမှုနှုန်းထားဖောင်းပွနိုင် သည့်အပြင် ပြဿနာများပိုမိုဖြစ် ပွားနိုင်ကြောင်း ဆိုသည်။

ယခင်က ပိုင်ဆိုင်မှု အထောက်အထား ကျပ်သိန်းတစ်ထောင်ပြသနိုင်ပါက ထုတ်ပေးခဲ့သော်လည်း ယခုအခါ ပိုင်ဆိုင်မှုမြေယာ အထောက်အထားအပြင် ဘဏ်အကောင့်ကိုပါ စစ်ဆေးမှုပြုလုပ် လျက် ရှိကြောင်း သိရသည်။ အဆိုပါမြေယာ အထောက်အထားများကို စစ်ဆေးမှုတွင် မှန်ကန်မှုရှိ၊ မရှိ အိမ်ခြံမြေ အကျိုးဆောင် အသင်းနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီအသင်းချုပ်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့ပြီး ယင်းအဖွဲ့ချုပ်သည် ပြည်ပရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်မှုများကို တရားဝင်ဖြေရှင်းခွင့် ရရှိသည့်အပြင် လုပ်သားစေလွှတ်လိုပါက အသင်းချုပ်ထောက်ခံချက် ပါရှိမှသာ အစိုးရက ခွင့်ပြုလျက်ရှိ သည်။

ထို့အပြင် ယခင်က အစိုးရ အနေဖြင့် လုပ်သားများကို ပြည်ပသို့ မစေလွှတ်မီ လုပ်ငန်းခွင်အကြို သင်တန်း သင်ကြားလျက်ရှိရာမှ သြဂုတ် ၃၁ ရက်မှစ၍ အေဂျင်စီ အသင်းချုပ်က လွှဲပြောင်းသင် ကြားရန် သင်တန်းကျောင်း စတင်ဖွင့် လှစ်မည်ဖြစ်ကြောင်း အေဂျင် စီအသင်းချုပ်မှ သတင်းရရှိသည်။


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...