ခရီးသွားကုမ္ပဏီများ ပတ်စ်ပို့၊ ဗီဇာအတု ပြုလုပ်လျှင် ထိရောက်စွာ အရေးယူမည်ဟု သတိပေး

pakistancriminalrecords.com
လိုင်စင်ရ ခရီးသွား ကုမ္ပဏီများအနေဖြင့် ပတ်စ်ပို့၊ ဗီဇာ အတုပြုလုပ်သည့် ကိစ္စများတွင် ပါဝင် ပတ်သက်ကြောင်း စစ်ဆေး တွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

မြန်မာနိုင်ငံသား ၇၀ ကျော်သည် မလေးရှား နိုင်ငံသို့ ဇူလိုင် ၈ ရက်တွင် သွားရောက်ခဲ့ရာ ၎င်းတို့တွင် ပတ်စ်ပို့ဗီဇာအတုများ ပြုလုပ်ထား ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သဖြင့် မလေးရှား နိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေး ဌာနက ဖမ်းဆီး အရေး ယူခဲ့သည်။ ဖမ်းဆီးခံရ သူများအနက် အချို့မှာ အေဂျင်စီများ၏ ဆောင်ရွက်ပေးမှုဖြင့် သွားရောက်ခဲ့သူများဖြစ်သည်။ ထို့ကြောင့် လိုင်စင်ရ ခရီးသွား ကုမ္ပဏီများအနေဖြင့် အထက်ပါကဲ့သို့ ပတ်စ်ပို့၊ ဗီဇာအတုပြုလုပ်သည့် ကိစ္စများတွင် ပါဝင် ပတ်သက်ခြင်းမပြုရန်နှင့် အကယ်၍ ပါဝင်ပတ်သက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထိရောက် စွာ အရေးယူသွားမည်ဖြစ်ကြောင်း သြဂုတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ဗီဇာအတုများဖြင့် လာaရာက်သော မြန်မာ ၇၂ ဦးနှင့် ခေါ်ဆောင် လာသူ မြန်မာနိုင်ငံသားသုံးဦးကို ဖမ်းဆီးခဲ့သည်။

ဗီဇာအတုဖြင့် လာရောက်သောမြန်မာ ၇၂ ဦးကို သြဂုတ် ၁၂ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး ဗီဇာ အတု များဖြင့် လာရောက်သူမြန်မာ ၅၂ ဦးကို ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့သည်။

ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သော ၂၀ ဦးကို မလေးရှားလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး စခန်းတွင် ထား ရှိပြီး ၎င်းတို့အား ခေါ်ဆောင်လာသူ သုံးဦးကို ပြစ်ဒဏ်ချမှတ်ပြီးမှ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သည်။ 

အထက်ပါဖြစ်စဉ်များဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏နိုင်ငံကူးလက်မှတ်တွင် ပါရှိသည့် ပြည်ဝင်ခွင့် (ဗီဇာ)အပါအဝင် အခြားအချက် အလက်များ ပြည့်စုံ မှန်ကန်မှုရှိစေရန် အထူးဂရုပြုသင့်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးကလည်း တိုက်တွန်းနှိုးဆော် ထားသည်။


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...