အင်တာနက်မြန်နှုန်းမြှင့်ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးနေ

ဖုန်းဖြင့်အင်တာနက် သုံးနေစဉ် (ပုံ့)

အင်တာနက်မြန်နှုန်းတိုး မြှင့်ပေးနိုင်ရန် နိုင်ငံ တကာပင် လယ်ရေအောက် ကေဘယ်ဆက် ကြောင်း SMW-5 မှတစ်ဆင့် ဘန်ဝှစ်ပမာဏ 300GB ခန့်အ ထိ တိုးချဲ့သွားရန် နိုင်ငံတကာအ ဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေ ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက် သွယ်ရေးစခန်းမှ သတင်းရရှိသည်။

‘‘SMW-5 ကနေ လက်ရှိ အသုံးပြုနေတဲ့ ဘန်ဝှစ်ပမာဏ ထက် အဆပေါင်းများစွာ တိုးချဲ့ သွားဖို့စီစဉ် ထားတယ်။ 300BGB လောက်ထိကို တိုးချဲ့နိုင်ဖို့ ဆွေး နွေးနေတယ်။ အဲဒီထက်လည်း ပိုရချင်ရနိုင် တယ်’’ဟု ပြည်ပ ဆက်သွယ်ရေးစခန်းမှ လက် ထောက်အင်ဂျင်နီယာ ဦးဇော်ဌေး ကပြောသည်။

SMW-5 ပင်လယ်ရေ အောက်ကေဘယ်ဆက်ကြောင်း ကို ငွေဆောင်မှတစ်ဆင့်ချိတ် ဆက်သွား မည်ဖြစ်ပြီး အဆင် သင့်ချိတ်ဆက်နိုင်ရန် ပြည်တွင်း ၌ ဖိုက်ဘာဆက်ကြောင်း တစ်ခု ပြေးဆွဲထားပြီး ဖြစ်သည်။

‘‘ပြည်တွင်းကနေ အဆင် သင့်ချိတ်ဆက်နိုင်ဖို့အတွက်ကို တော့ လုပ်ပြီးသွားပြီ။ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ဆွေးနွေးမှုလုပ်ပြီးသွားတာနဲ့ တစ်ခါတည်း ချိတ်ဆက်သွားမှာပါ’’ဟု ဦးဇော် ဌေးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် နိုင်ငံ တစ်ဝန်း၌ ကုန်းတွင်းဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်းနှစ်ခုနှင့် ပင်လယ်ရေအောက်ဖိုက်ဘာ ဆက်ကြောင်း SMW-3 တို့မှ အင်တာနက်ဘန် ၀ှစ်ပမာဏ 27 GB ကို ချိတ်ဆက်ထားပြီး 16 GB ခန့်ကိုသာ အသုံးပြုနိုင်သေး ကြောင်း သိရသည်။

ထို့အပြင်အင်တာနက်မြန် နှုန်းတိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ ဖိုက်ဘာ ဆက်ကြောင်း နှစ်ခုဖြင့် အင်တာနက် ဘန်ဝှစ် 20GB ကို ထပ်မံတိုး ချဲ့ရန် ဆောင်ရွက်လျက်ရှိသည်။


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...