မူးယစ်ဆေး သမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံး ဖမ်းမိ

မူးယစ်ဆေးဝါး ဖမ်းဆီး နိုင်ခဲ့သည့် သမိုင်းတစ်လျှောက် ပမာဏအများဆုံးအဖြစ် အမေရိ ကန်ဒေါ်လာ သန်းနှစ် ဆယ်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သယ်ဆောင် လာသည့် စက်လှေ တစ်စီးကို တပ်မတော်(ရေ)က ဖမ်းဆီး မိခဲ့ကြောင်း သတင်း ရရှိသည်။

သြဂုတ် ၁၉ ရက်ညနေ က ကော့သောင်းမြို့ အနောက် မြောက်ဘက် ၁၈၂ မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ထိုင်းနိုင်ငံဘက် သို့ ဦးတည်နေသည့် စက်လှေတစ် စီးကို တပ်မတော်(ရေ)က တားဆီး စစ်ဆေး ခဲ့ခြင်းဖြစ်သည်။ စက် လှေပေါ်မှ စိတ်ကြွဆေးပြား အမျိုးအစားစုံတွင် တန်ဖိုးအကြီး ဆုံးဖြစ်သည့် Ecstasy ဆေးပြား ပေါင်း နှစ်သန်းလေးသိန်းနီးပါးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဌာနမှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

‘‘သမိုင်းတစ်လျှောက် တန်ဖိုးအများဆုံးပဲ။ တစ်ခါမှ အဲဒီ လောက် မဖမ်းမိဖူးဘူး။ ဆေးလောကမှာတော့ တစ်ပြားကို မြန်မာငွေ ခုနစ်သောင်းလောက်တန်တဲ့ ဆေးပြားတွေ။ ဖမ်းထားတဲ့ လူတွေကို စစ်ဆေး တော့ ဒါ ဒုတိယအကြိမ်လို့ သိရတယ်’’ ဟု အဆို ပါရဲအရာရှိက ပြောသည်။

ဆေးပြားအရေအတွက် စုစု ပေါင်း နှစ်သန်းကျော်ရှိပြီး သစ် တန်ချိန် ၇၀ ကိုလည်း စက်လှေ ပေါ်တွင် မှောင်ခိုသယ်ဆောင်လာ ခြင်းဖြစ်သည်။

‘‘ရေယာဉ်အမှတ် ၅၆၇ က ဖမ်းလိုက်တာ။ မိုးတွင်းအချိန် ဖြစ် တာရယ်၊ ပင်လယ်မှာ ရာသီဥတု ဆိုးရွား တာကို အခွင့်အရေးယူပြီး ကမ်းဝေးပင်လယ်ပြင်ကနေ လှုပ် ရှားတာ။ တန်ဖိုးကတော့ အမေရိ ကန်ဒေါ်လာ သန်း နှစ်ဆယ်အ ထက်မှာပဲ ရှိတယ်။ ရဲတပ်ဖွဲ့က စစ်ဆေးနေပါပြီ’’ ဟု ကော့သောင်း မြို့အခြေစိုက် တပ်မတော်(ရေ)မှ အရာရှိတစ်ယောက်က ပြောသည်။

စက်လှေပေါ်တွင် မာလိန် မှူးအပါအ၀င် လူ ၁၅ ဦး လိုက်ပါလာပြီး ၎င်းတို့ကို ကော့သောင်းမြို့မရဲစခန်း၌ စစ်ဆေးလျက်ရှိသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆေးပြားတန်ဖိုး စုစုပေါင်း မြန်မာငွေသန်းပေါင်း တစ်သိန်းခြောက်သောင်းကျော် ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ပို့မည့် မူးယစ်ဆေးများ ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ရဲမှူးကြီးမြင့်ဦး ကပြောသည်။

မူးယစ်ဆေးဝါး အကြီးအကျယ်ရောင်းချသည့် ကုန်သည်များမှာ ပင်လယ်ရေကြောင်းကို အသုံးပြု၍ ယခုကဲ့သို့ ပမာဏများစွာ သယ်ကာ တစ်နှစ်လျှင် နှစ် ကြိမ်ခန့်သာ အရောင်းအ၀ယ် လုပ်၍ ပင်လယ်ထဲ တွင်ပင် ငွေ ပေးငွေယူ လုပ်လေ့ရှိကြောင်း နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် အချို့နှင့်အတူ မူးယစ်ဆေးမှုဖြင့် နှစ်ရှည်ထောင်ကျဖူးသူ  တစ်ဦးက ပြောသည်။


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...