မှတ်ဥာဏ် စွမ်းရည်အတွက် သဘာဝဆေးများ

မှတ်ဥာဏ် စွမ်းရည် ကျဆင်းခြင်းဟာ အသက် အရွယ် ရလာရင် ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုနဲ့ ပြသနာ တစ်ခုဖြစ် ပါတယ်။ ဘ၀ကသာ တရား မျှတတယ် ဆိုရင် အတွေ့အကြုံ များလေလေ မှတ်ဥာဏ် ကလည်း ကြွယ်ဝ လေလေ ဖြစ်ရ မှာ ဖြစ်တယ်။ ဒီလိုမဖြစ်နိုင် ရင်တောင် ဦးနှောက် စွမ်းရည် မြင့်အောင် ထိန်းသိမ်းတဲ့ သဘာဝ နည်းလမ်း ကောင်းတွေ ရှိပါတယ်။

(၁) အစာကို ပုံမှန်စားပါ

ဦးနှောက်ဟာ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၂- ၃ ရာခိုင်နှုန်းသာ ရှိပေမဲ့ ခန္ဓာကိုယ် စွမ်းအင်၂၀ ရာခိုင်နှုန်းကို တာဝန်ယူ ဆောင်ရွက်ပေး တာပါတယ်။ ဒါကြောင့် ဦးနှောက်အတွက် လိုအပ်တဲ့ စွမ်းအင်ပေး လိုက်ခြင်း ဟာ ဦးနှောက်ကို အကောင်းဆုံး ဖြစ်လုပ်ဆောင်အောင် အထောက်အကူဖြစ်ပါတယ်။

(၂) အစားအစာ


ဟင်းနုနွယ်၊ စတော်ဘယ်ရီသီး နဲ့ ဗလူးဗယ်ရီသီးတွေက ဦးနှောက်ကို ကျန်းမာသန်စွမ်းစေ တာကြောင့် သူတို့ကို ထိပ်တန်းအစားအစာ (super foods) လို့ခေါ်ပါတယ်။ အဲဒီအစားအစာတွေကို များများသာ စားပေးပါ။

(၃) ပူနွေးတဲ့ အချိုရည်မျိုးသောက်ပါ

လက်ဖက်ရည်နှင့် ကော်ဖီက ဦးနှောက်ကို နှိုးဆွပေးပြီး မှတ်ဥာဏ်ကို သွတ်သွတ်လက်လက်ဖြစ်အောင် ထိရောက်စွာကူညီပေးပါတယ်။

(၄) အရက်သေစာကို ရှောင်ပါ

ကြိုက်ကြိုက် မကြိုက်ကြိုက် အရက်သေစာကတော့ ဦးနှောက် မှတ်ဥာဏ်အတွက် ကောင်းကျိုးမဖြစ်ပါဘူး။

(၅) ဗီတာမင်ဓာတ်ကို ပြည့်ဝအောင်နေပါ
အထူးသဖြင့် အသီးအရွက်တွေ မှာတွေ့ရတဲ့ ဗီတာမင်ဓာတ်က မှတ်ဥာဏ်ကို ပိုမိုကောင်းမွန်အောင် အကူအညီဖြစ်စေ ပါလိမ့်မယ်။

(၆) သဘာဝ တိုင်းရင်းဆေးမှီဝဲပါ

ဆေးဖက်ဝင်တဲ့ အပင်တွေက မှတ်ဥာဏ်စွမ်းရည် ကျဆင်းခြင်းကနေ ထိန်းသိမ်းပေးပါတယ်။

(၇) စိတ်ဖိစီးမှုလျော့ချပါ

အနားယူခြင်း၊ တရားထိုင်ခြင်း အားဖြင့် စိတ်ဖိစီးမှု ကင်းအောင် ကြိုးစားခြင်းဟာ မှတ်ဥာဏ် စွမ်းရည်ကို ပြန်လည် ရရှိစေတယ်။

(၈) အားကစား များများလုပ်ပါ

စာလုံးစီပဟေဠိ ဆိုဒိုကို စတဲ့ ဦးနှောက်ကို အလုပ်လုပ်စေတဲ့ ကစားနည်းတွေဟာ မှတ်ဥာဏ်ကို ထက်မြတ်စေ ပါတယ်။

(၉) လေ့ကျင့်ခန်း လုပ်ခြင်း

လေ့ကျင့်ခန်း လုပ်ရတဲ့ အကြောင်းအရင်း များစွာထဲ တစ်ခုက ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၁၀) ပုံမှန်အိပ်စက် အနားယူပါ

အချိန်မှန်မှန် အိပ်ပေးခြင်းက ခေါင်းကို ကြည်လင်စေတယ်။


Ref: healthdigezt.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...