အပြန်အလှန် သတိရစာတွေ ရေးပို့နေကြတဲ့ Jolie နဲ့ Brat Pitt တို့စုံတွဲ

Victor.PaaTung on 2014-08-01 12:10
Agelina Jolie နဲ့ Brad Pitt တို့ နှစ်ယောက် ကတော့ အလုပ်ကိစ္စ ကြောင့်ဖြစ်ဖြစ်၊ ဘာအ တွက်ကြောင့် ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် အနေဝေး သွားတယ် ဆိုရင် အရင် ခေတ်ဟောင်း စနစ်က အတိုင်း သတိရတဲ့ စာတွေ ပေးပို့ကြ ပါတယ်တဲ့။

သူမ နဲ့ Pitt အရင် ခေတ်ဟောင်း နေထိုင်မှု မျိုးနဲ့ ပြုမှု နေထိုင်ကြပြီး Fury ဇာတ်ကား အတွက် သူလန်ဒန်ကို ရောက်ရှိ ခဲ့စဉ် အချိန် သူမ Australia ကို Unbroken ဇာတ်ကား သွားရောက် ရိုက်ကူးခဲ့စဉ် အချိန်တွေ တုန်းကလည်း သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကို အထူးဦးစားပေး လုပ်ဆောင်ခဲ့ ပါတယ် လို့ Jolie က Australia’s TV Week ကို ပြောပြခဲ့ပါတယ်။ သူတို့ဟာ အနေဝေးတဲ့ အချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် အားပေး ကူညီခဲ့ပြီး နှစ်ယောက်ကြား အချစ်ကို အချစ်ဇာတ်လမ်း ဆန်ဆန်ဖြစ် သွားစေခဲ့ ပါတယ်။

"သူ ဥရောပရုပ်ရှင်လောကနဲ့ ပတ်သက်နေတဲ့အချိန်နဲ့ ကျွန်မက Pacific ရုပ်ရှင်ဇာတ်ခုံကို ရောက်နေ ကြတဲ့ အချိန်မျိုးတွေမှာ အတူရှိနေနိုင်အောင် ကြိုးစားကြပြီး တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ် နှစ်နဲ့ချီပြီး ခွဲခွာနေခဲ့ ကြတဲ့သူတွေလို လက်ရေး စာလုံးနဲ့ မေတ္တာစာတွေ ရေးကြတယ်။"လို့ Jolie ကပြောပါတယ်။

Jolie ရဲ့ Unbroken ဟာ အမေရိကန် လေတပ်စာရင်းဝင် တစ်ယောက်လည်းဖြစ်၊ ဂျပန် ရေတပ်ရဲ့ ဖမ်းဆီးခံထားရသူ တစ်ယောက်လည်းဖြစ်တဲ့ တာဝေး Olympic အပြေးသမား World War II hero Louis Zamperini ရဲ့ ဘ၀ကြောင်း ပြန်လည် ရိုက်ကူးထား တာဖြစ်ပါတယ်။ Pitt ကတော့ World War II ဖြစ်တဲ့ အချိန်က Sherman ကွန်တင်နာ တင်သင်္ဘော လုပ်သားတစ်ဦး အကြောင်း ရိုက်ကူးထားတဲ့ Fury ဇာတ်ကားထဲမှာ အဓိက သရုပ်ဆောင် ရိုက်ကူးလျက် ရှိနေပါတယ်။

ကွယ်လွန်သွားတဲ့ Zamperini ကို သူ မသေခင် အသက် ၉၇ နှစ်ရှိနေတဲ့အချိန် ဇူလိုင် ၂ ရက်နေ့ က သူမရိုက်ကူးတဲ့ Unbroken ဇာတ်ကားကို ပြသနိုင်ခဲ့တယ်လို့ Jolie က အင်တာဗျူးထဲမှာ ဖော်ပြပြောဆို ခဲ့ပါတယ်။ အဲဒီဇာတ်ကားကို ကျွန်မ သူကိုပြဖို့ laptopထဲထည့်ပြီး ဆေးရုံကို ယူလာခဲ့တယ်။ သေခါနီး သူ့ရဲ့ ဘ၀သမိုင်းစာမျက်ကို ပြန်လည်ကြည့်ခွင့်ရတဲ့ တစ်စုံတစ်ယောက်ကို တွေ့မြင်ရတာ စိတ်လှုပ်ရှားဖွယ် ကောင်းတယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။


Ref: starpulse.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...