ဆူနာမီအတွင်း ပျောက်ဆုံး သွားသည့် သမီးဖြစ်သူကို ၁၀ နှစ်ကြာမှ ပြန်တွေ့
အင်ဒိုနီးရှားနိုင်ငံ အာချေး ပြည်နယ်မှာ ၂၀၀၄ ဆူနာမီ အတွင်း ပျောက်ဆုံး သွားခဲ့တဲ့ သမီးဖြစ်သူကို ၁၀ နှစ် အကြာမှ မိသားစုက အသက်ရှင်လျက် ပြန်လည် ဆုံဆည်းခွင့် ရခဲ့ပါတယ်။
အသက် ၁၄ နှစ်အရွယ် သမီးကို မိခင်နဲ့ ပြန်လည် ဆုံဆည်းခွင့် ရခဲ့တာကို အင်ဒိုနီးရှား ရုပ်မြင်သံကြား တခုမှာ ပြသခဲ့ပါတယ်။
၂၀၀၄ ဆူနာမီဖြစ်ခဲ့စဉ် တုန်းက သူမဟာ အသက် ၄ နှစ်အရွယ်ပဲ ရှိသေးပြီး နေထိုင်ခဲ့တဲ့နေရာနဲ့ မိုင် ၈၀ အကွာမှာ သက်ကြီးရွယ်အို အမျိုးသမီးက စောင့်ရှောက်ခဲ့တာလို့ သိရပါတယ်။
မိခင်ဖြစ်သူက “ကျမ နေ့တိုင်း ဆုတောင်း ခဲ့ပါတယ်။ သမီး အသက်ရှင်လျက် ပြန်တွေ့ ပါရစေဆိုပြီး။ ပြီးခဲ့ တဲ့ လကပဲ သူ့ရဲ့အဖေ လိုက်စုံစမ်းနေသေးတယ်။ ကလေး အသက်ရှင်လျက်ပဲ ဆိုတာကိုလည်း အမြဲ ယုံကြည်နေခဲ့တယ်” လို့ ပြောဆိုပါတယ်။
မျိုးရိုးဗီဇ (ဒီအန်အေ) စစ်ဆေးဖို့ အစီအစဉ် မရှိပေမယ့် လိုအပ်ရင် လုပ်ဆောင်ဖို့လည်း အသင့်ပဲလို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။
အာချေးပြည်နယ်ဟာ ၂၀၀၄ ဆူနာမီတုံန်းက ငလျင်ဗဟိုချက်မနဲ့ အနီးကပ်ဆုံး ဖြစ်ခဲ့ပြီး ဒေသတွင်းနိုင်ငံ တွေက လူ သိန်းနဲ့ချီ သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ
http://burmese.dvb.no/archives/61934
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook