တိုက်ပွဲတွင်း အသက် ရှင်သန်မှု နှုန်းကို မြှင့်တင် ပေးနိုင်မယ့် ကုထုံးသစ်
တိုက်ပွဲမှာ တိုက်ခိုက် နေရတဲ့ စစ်သားတွေ အတွက် ကျန်းမာရေး ကုသမှု အသစ် တစ်မျိုး ကို ဖော်ထုတ် နိုင်ခဲ့ကြောင်း ဆေးပညာ သတင်း တစ်ပုဒ်မှာ ဖော်ပြ ပါရှိပါတယ်။ အဆိုပါ ကုထုံးသစ် ကတော့ လည်ပင်း၊ ပခုံး၊ ပေါင်ခြံတွေမှာ ထိခိုက် ဒဏ်ရာ၊ သေနတ် ဒဏ်ရာတွေ ရရင် ပုံမှန်ထက် သွေးဆုံးရှုံးမှု လျော့နည်းစေမယ့် ကုသမှု တစ်ခုပဲ ဖြစ်ပါတယ်။
ဂျွန် ဟော့ကင်း တက္ကသိုလ်မှ သုတေသီ တွေဟာ သွေး အလွန်အမင်း ထွက်ခြင်းကို ကာကွယ် နိုင်မယ့် ထိုးနှံရတဲ့ foam ပုံစံ ဆေးတစ်မျိုးကို တီထွင်နိုင်ခဲ့ တာကြောင့် ပေါင် သွေးလွှတ်ကြော၊ ဦးခေါင်း သွေးကြော တွေလို အရေးကြီးတဲ့ နေရာတွေကနေ သွေး ထွက်ခြင်းကို အရေးပေါ် တားဆီးထား နိုင်မှဖြစ်ပါတယ်။ အသည်းအသန် တိုက်ခိုက်နေတဲ့ အချိန်နာရီ တွေ အတွင်းမှာ သွေးကြော ဖိအားကို ညစ်ထားပြီး သွေးဆုံးရှုံးမှု နည်းစေမှာဖြစ်ပြီး ဆေးကုသမှု ခံယူရ မယ့် အချိန်ထိ တောင့်ခံထားနိုင်စေမှာ ဖြစ်တာ ကြောင့် စစ်မြေပြင် သေဆုံးမှုနှုန်းတွေကို လျှော့ချ နိုင်တော့မှာ ဖြစ်ပါတယ်။ သုတေသန ခေါင်းဆောင် ဇီဝဆေးပညာရှင် Sydney Rooney က စစ်မြေပြင် ကုသမှုသစ်ဟာ တော်နီ ကေး၊ ပတ်တီးစ၊ သွေးခဲစေတဲ့ ဆေး အနည်းငယ်သာ ထပ်မံလိုအပ်ပြီး အနာဖြစ်တဲ့ နေရာမှာ အခုတီထွင်ထားတဲ့ဆေးကို ထိုးနှံပေးရုံနဲ့ သွေးထွက်ခြင်းကို ရပ်တန့်ပေးမှာပဲ ဖြစ်ကြောင်း ရှင်းပြထားပါတယ်။
ဒီကုထုံးကို သုံးပြီး ၁ နာရီခန့်ကြာ သည်အထိ ဆက်လက် တိုက်ပွဲဝင် နိုင်ကြောင်း၊ အဲဒီနောက်မှာ တော့ ရှေးဦးသူနာပြု အစီအစဉ်တွေ၊ ထိခိုက်ဒဏ်ရာ ကုသမှုတွေကို ခံယူရမှာ ဖြစ်ကြောင်း၊ ကုသမှုဟာ သွေးဆုံး ရှုံးမှုကိုသာ ရပ်တန့်စေပြီး အခြားပြဿ နာတွေကိုတော့ တားဆီးနိုင်မှာမဟုတ် ကြောင်း ဖော်ပြ ထားပါတယ်။
သက်နှင်း
ref;ANI

Health Updates Journal No. 128
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook