လေဖြတ်ခြင်းဒဏ် ကာကွယ်ပေးမည့် နာနိုမော်တာ ပညာရှင်များတီထွင်

ကာလီဖိုးနီးယား၊ ဇူလိုင် ၃၁
သံလိုက် အားဖြင့် မောင်းနှင်ပြီး သွေးကြော အတွင်း ထည့်သွင်း ထား ရမည့် ပစ္စည်းလေး တစ်မျိုးကို ပညာရှင်များ တီထွင်နိုင် ခဲ့ပြီး၊ ယင်းကိရိယာ လေးသည် သွေးကြော အတွင်း သွေးများ ပျစ်ခဲခြင်း၊ ပိတ်ဆို့ ခြင်းများ မဖြစ်စေရန် အထောက် အကူ ပြုမည် ဖြစ်သောကြောင့် လေဖြတ်ခြင်း ဝေဒနာ ခံစားရခြင်း ဘေးမှ ကင်းဝေး စေနိုင်မည် ဖြစ်ကြောင်း IEEE.org သတင်း ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။

Nanomotor ဟု အမည် ပေးထားသော ယင်းပစ္စည်း လေးသည် လေဖြတ်ခြင်း ဒဏ်ကို ကာကွယ်ပေးရန် သောက်သုံးနေ ကြသည့် t-PA ဆေး သောက်သုံးနေရ သူများအတွက် ရည်စူးပြီး အထောက်အကူ ဖြစ်စေရန် ရည်ရွယ် ထုတ်လုပ်ရခြင်း ဖြစ်ကြောင်း UGA ဆေးဝါး ထုတ်လုပ်ရေး အဖွဲ့မှ ပါမောက္ခ ဒေါက်တာ ယီပင်းဇိုက ပြောကြားသည်။

နာနိုမော်တာသည် သွေးကြောများအတွင်း သွေးများပျစ်ခဲခြင်းကို t-PA ဆေးသောက်ပြီးသည့် နောက် တွင် ပိုပြီးသက်ရောက်မှုရှိစေရန် စွမ်းဆောင်နိုင်ကြောင်း၊ သွေးကြောအတွင်း သွေးများကို မွှေနှောက်ပြီး ဆေးကိုနေရာအနှံ့ ရောက်စေရန် စွမ်းဆောင်ပေးနိုင်ခြင်း ရှိကြောင်း ဒေါက်တာယီက ဆိုသည်။

သွေးကြောပိတ် ကာကွယ်ဆေးသက်သက်ကို အသုံးပြုခြင်းထက် နာနိုမော်တာနှင့် တွဲဖက်သုံးစွဲခြင်းသည် နှစ်ဆပိုပြီး ထိရောက်မှုရှိကြောင်း၊ t-PA ဆေးသက်သက် သောက်သုံးခြင်းသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း၊ ဆေးသောက်သုံးမှုမရှိဘဲ နာနိုမော်တာကို အစားထိုး ထည့်သွင်းထားခြင်းဖြင့်လည်း ထိရောက်သောကုသမှုကို ဖြစ်စေနိုင်ကြောင်း IEEE တွင် အကျယ်တဝင့် ရှင်းလင်းရေးသားထားသည်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...