ဆေးဒဏ် ခံနိုင်သော ငှက်ဖျားပိုးသစ် မြန်မာ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများတွင် ပျံ့နှံ့

လန်ဒန်၊ ဇူလိုင် ၃၁
မြန်မာ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံ များတွင် ဆေးဒဏ် ခံနိုင်သော ငှက်ဖျား ရောဂါးပိုး ပြန့်ပွား လျက် ရှိကြောင်း သိပ္ပံ ပညာ ရှင်များ၏ တွေ့ရှိ ဖော်ပြချက်ကို ကိုးကား၍ BBC သတင်း တွင် ဖော်ပြ ထားသည်။

ယင်းကဲ့သို့ ဆေးဒဏ် ခံနိုင်သော ငှက်ဖျားေ ရာဂါပိုး ပျံ့နှံ့နေခြင်းကို ကာကွယ် တားဆီးရန် ပြင်းထန်သော အရေးတယူ ဆောက်ရွက်မှုများ လိုအပ်ကြောင်း New England Journal of Medicine ဆေးပညာ ဂျာနယ်တွင် ရေးသားထားသည်။

အထက်ပါ ဆေးပညာဂျာနယ်တွင် ရေးသားခဲ့သည့် သိပ္ပံပညာရှင်များက အာရှနှင့် အာဖရိကတိုက်ရှိ ငှက်ဖျားဝေဒနာသည် ၁၀၀၀ ကျော်၏ သွေးနမူနာကို စမ်းသပ်စစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံ အရှေ့ ပိုင်း၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီယား မြောက်ပိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် တွေ့ရသော ငှက်ဖျားရောဂါ ပိုး သည် လက်ရှိ ငှက်ဖျားတိုက်ဖျက်ရေး ဆေးဝါးများဖြစ်သော artemisinins ဆေးဝါးများ၏ ဒဏ်ကို ခံနိုင် ရည် ရှိလာကြောင်း တွေ့ရှိရခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၊ လာအိုနိုင်ငံ တောင်ပိုင်းဒေသများနှင့် ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများတွင်လည်း ယင်းကဲ့သို့ ဆေးဒဏ်ခံနိုင်သော ငှက်ဖျားရောဂါပိုးများ တိုးလာ သည်ကို တွေ့ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ အထူးစိုးရိမ်စရာနေရာမှာ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံနယ်စပ်ဖြစ်ပြီး ယင်းဒေသတွင် ယခင်ကလည်း ဆေးဝါးဒဏ်ခံနိုင်သော ငှက်ဖျားရောဂါပိုး ဖြစ်ပွားခဲ့ဖူးသည်။

ဆေးဒဏ်ခံနိုင်သော ငှက်ဖျား ရောဂါပိုးပြန့်ပွားခြင်းကို ထိန်းချုပ်ရန်ဖြစ် နိုင်ခြေရှိသော်လည်း သမားရိုးကျ ငှက်ဖျား ထိန်းချုပ်မှု ချဉ်းကပ်ပုံများဖြင့် လုံလောက်ဖွယ် မရှိကြောင်း အဆိုပါလေ့လာမှုကို ဦးဆောင် ခဲ့သော အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခနီကိုလပ်ဝိုက်က ပြောကြားသည်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...