သင်ဘယ်လို လူမျိုးလဲဆိုတာ သင့်ဆံပင်ပုံစံက ပြောပြနိုင် (အပိုင်း-၁)
လူတစ်ယောက်နဲ့ စိတ်နေစိတ်ထား၊ သူဘယ်လို သဘောထား ရှိတယ်ဆိုတာ မျက်နှာအမူအယာကို ကြည့်ရင် ခန့်မှန်းနိုင်တယ် ဆိုတာ ကြားဖူးမှာပါ။ ခုပြောပြမေယ့် အကြောင်းအရာ ကတော့ နည်းနည်း ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ သင့်စိတ်နေစိတ်ထား ဘယ်လိုဆိုတာကို သင့်ဆံပင်ပုံစံ၊ ဆံပင်သားကို ကြည့်ပြီး အနီးစပ်ဆုံး ခန့်မှန်းမှာ မို့လို့ပါပဲ။
၁။သင့်ဆံပင် အရောင်က အနီဆိုရင် သင်ဟာ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သူတစ်ယောက်ပါ။
သင်ဟာ မွေးကတည်းက ဆံပင်နီနေတာ မဟုတ်ရင်တောင် အနီရောင်ဆိုးထားတဲ့သူ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလူတွေဟာ ခေါင်းထဲမှာ အပူအပင် သိပ်မထားတတ်သလို ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သဘော ရှိပါတယ်။ ဟာသဥာဏ်ရှိသလို ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ အရာတွေဆို မုန်းတတ်ကြ ပါတယ်။ နောက် တစ်ချက်ကတော့ အချစ်ရေးမှာ ဘာအကြောင်းမှ တစ်စုံတစ်ရာ မရှိပါပဲ အပြောင်းအလဲ လုပ်တတ်ကြ တယ်။ ဒါပေမယ့် ချစ်နေပြန်ရင်လည်း ဒရာမာဇာတ်လမ်းထဲက မင်းသား၊ မင်းသမီးတွေ အတိုင်းကို ချစ်တတ်နေကြပြန်ရော။ တစ်ယောက်ယောက်က ငြင်းလိုက်မှာ သိပ်စိုးရိမ်တတ်သလို ရှက်လည်းရှက် တတ်တယ်။ သူ့ရဲ့အပြုအမူစိတ်ထားတွေက Aries ရာသီခွင်ဖွားတွေနဲ့ ခပ်ဆင်ဆင်တူနေတယ်။
၂။သင့်ဆံပင်ဟာ ကောက်နေမယ်ဆိုရင် သင်ဟာ အလုပ်တွေကို သူတစ်ပါးထက် ပိုလျှင်မြန်အောင် လုပ်နိုင်တယ်။
ကောက်တဲ့ ဆံပင်သားကို ပိုင်ဆိုင်တဲ့ အမျိုးသမီးတွေဟာ လှလှပပလေး နေလိုကြတယ်။ ဒါ့အပြင် လုပ်ငန်း ဆောင်တာတွေကို သူတစ်ပါးထက် လျှင်မြန်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြတယ်။ တစ်စုံတစ်ခုကို အချိန်အကြာကြီး အာရုံစိုက် လုပ်ဆောင်ရတော့မယ်ဆိုရင် သူတို့အတွက် အခက်အခဲ ဖြစ်ပြီ။ ဒါပေမယ့် အဲ့ဒီလိုလူအများစုဟာ ချစ်တတ်တယ်၊ ခေါင်းစွမ်းနိုင်တဲ့စွမ်းရည်ရှိတယ်။ သွက်တယ်၊ ဖျတ်လတ်ပြီးအမြဲတက်ကြွနေတတ်တဲ့ လူမျိုးတွေပေါ့။ သူတို့လည်း အချစ်ရေးမှာ ဒရာမာဇာတ်ကွက် လေးတွ သိပ်ရိုက်တတ်ကြတယ်။
၃။သင့်ဆံပင်ဟာ လှိုင်းတွန့်အုံထူ ဆံပင်ဆိုရင်တော့ သင်ဟာ အိုင်ဒီယာ ဆန်းဆန်းတွေနဲ့ ကွန့်မြူးနိုင်တဲ့ သူပေါ့။
လှိုင်းတွန့်အုံထူ ဆံပင်သားမျိုး ပိုင်ဆိုင်ထားတဲ့ သူတွေဆီမှာ အိုင်ဒီယာသစ်တွေ ရှိတတ်တယ်။ တွေးခေါ် တဲ့အပိုင်းမှာ သူများနဲ့ ဘယ်တော့မှ မတူကြဘူး။ ဒါ့အပြင် စိတ်စွမ်းအား မြင့်မားကြလေ့ရှိတယ်။ တစ်ခါ တစ်လေ တစ်ယောက်တည်း နေရတာကို နှစ်သက်ကြတယ်။ သူတို့အတွက် လွတ်လပ်မှုဟာ အရေး ပါသလို လွတ်လပ်မှုမရှိဘူးလို့ ခံစားရတာနဲ့ အဲ့ဒီအရာတွေကို ပစ်ပယ်လိုက်ဖို့ ၀န်မလေးကြဘူး။
၎။သင့်ဆံပင်ဟာ အံထူထူဆိုရင်တော့ သင်ဟာ သူတစ်ပါးနဲ့မတူတဲ့ စိတ်စွမ်းအား ရှိတဲ့သူပါ။
မျက်ခုံးမွှေးထူသလိုမျိုးပဲ ဆံပင်ကလည်း အုံထူထူလေး ဆိုရင်တော့ သေချာတဲ့အချက်က သင်ဟာ သူများ တွေနဲ့မတူတဲ့ စိတ်စွမ်းအင်ရှိတဲ့သူပေါ့။ တစ်နည်းအားဖြင့် ခေါင်းမာတဲ့ သူတွေလို့လည်း ပြောနိုင်ပါတယ်။ ဒီတော့ ဆံပင်ပါးတဲ့သူတွေက စိတ်ပျော့တဲ့ သဘောလားလို့ မေးရင်လည်း မှန်တယ်လို့ ပြောရမှာပါပဲ။ ဆံပင်ပါးတဲ့ သူတွေဟာ အလွယ်တကူ စိတ်ထိခိုက် ခံစားလွယ်ကြပါတယ်။ ခုန ဆံပင်အုံ ထူတဲ့သူတွေ ဆီမှာရှိတဲ့ စွမ်းအင်မျိုးတွေ သူတို့ဆီမှာ နည်းပါတဲ့ သဘောပါ။
၅။သင်ဟာ ဆံပင်အဖြောင့်ဖြစ်နေရက်နဲ့ ဆံပင်ကောက်လေးတွေဖြစ်အောင် အမြဲပြင်ဆင် တတ်သူဆို ရင်တော့ သင်ဟာ ပျော်ရွင်မှုကို အမြဲရှာဖွေနေတတ်သူပါ။
ကိုယ့်ဆံပင်က အဖြောင့်ဖြစ်နေပေမယ့် ဆံပင်နည်းနည်းလေး ကောက်တာမျိုးကို နှစ်ခြိုက်စွာ ပြင်ဆင် တတ်သူဆိုရင်တော့ ခန္ဓာကိုယ်ဟာ သူလိုအပ်တဲ့အစာကို ရှာဖွေနေသလိုမျိုး ကိုယ်ကလည်း ကိုယ်ရဲ့ စိတ်ချမ်းမြေ့မှု ရှာဖွေနေသလို မျိုးပါပဲလို့ ပြောထားပါတယ်။ အဲ့ဒီလိုလူမျိုးတွေဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတွေနောက် လိုက်လေ့ရှိတယ်။ ပျော်ရွှင်မှုရှိမယ့် အရာတွေကို အမြဲရှာဖွေနေတတ် ပါတယ်တဲ့။
Ref:cosmopolitan

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook