၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ရှီးဗနင်း ပညာသင်ဆု လျှောက်လွှာများ ခေါ်ယူ

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ရှီးဗနင်း ပညာသင်ဆု လျှောက်ထားရန် ဗြိတိသျှသံရုံးမှ လျှောက်လွှာများ ခေါ်ယူလျက် ရှိကြောင်း သိရ သည်။

အဆိုပါ ပညာသင်ဆု တစ်ရပ်လုံးတွင် ဗြိတိန်ပြည် ဝင်ခွင့်၊ ဗြိတိန်နိုင်ငံသို့ အသွားအပြန် လေယာဉ်လက် မှတ်၊ (တစ်နှစ်တွင် ပေါင် ၁၃၀၀၀ ထက်မပိုသော) ကျောင်းလခ၊ လစဉ်ထောက်ပံ့ကြေးနှင့် အသုံးစ ရိတ်များပါဝင်မည်ဖြစ်ကြောင်း၊ ပညာသင်ဆုများတွင် မှီခိုသူများအတွက် စရိတ်ပါဝင်မည် မဟုတ် ကြောင်း သိရသည်။

“ရှီဗနင်း ပညာသင်ဆုတွေဟာ ဗြိတိန်နိုင်ငံက အကောင်းဆုံးတက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့၊ အကောင်းဆုံးပညာတွေ သင်ယူတတ်မြောက်ထားကြတဲ့ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ ဆက်သွယ်ဖို့အတွက် အလွန်အင်မတန်ကောင်းမွန်တဲ့ အခွင့်အရေးကို ပေးအပ်နေပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဗြိတိန် သံအမတ်ကြီးမစ္စတာ အန်ဒရူးပက်ထရစ်ကပြောသည်။

နိုင်ငံရေး၊ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာဆက်ဆံရေး၊ ဖွံ့ဖြိုးရေးပညာ၊ လူ့အခွင့်အရေး ဥပဒေအပါအဝင် ဥပဒေ၊ ပဋိပက္ခဖြေရှင်းခြင်း၊ ကာကွယ်ခြင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးစသည့် ပညာရပ်နယ်ပယ်များ၌ မဟာဘွဲ့ယူလိုသူများ လျှောက်ထားနိုင်ကြောင်း၊ ပညာတော်သင်ဆု ရရှိသည့်အချိန်မှ ၁၀ နှစ်အတွင်း တွင်မိမိတို့၏ နေရင်းနိုင်ငံအတွင်း ခေါင်းဆောင်မှုနေရာတစ်နေရာသို့ ဦးတည်သည့်အလုပ်၌ အသက် မွေးရန်စိတ်ထက်သန်သူ၊ မိမိတို့အဆိုပြုထားသောသင်တန်းကို ပြီးမြောက်အောင်မြင်သည်အထိ တက် ရောက်နိုင်စွမ်းရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုလျှောက်ထားချိန်တွင် အင်္ဂလိပ်ဘာသာစကားစွမ်းရည် အနိမ့်ဆုံးသတ်မှတ်ချက် IELTS 6.5 IBT TOEFL 79 သို့မဟုတ် ယင်းနှင့်ညီမျှသည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု ရှိရမည်ဖြစ်ကာ မြန်မာလူမျိုး လျှောက်ထားသူများ အားလုံးသည် အင်္ဂလိပ်ဘာသာစကား လိုအပ်ချက်အတိုင်း ၂၀၁၅ ဇူလိုင် ၁၅ ရက် နောက်ဆုံးထား ပြည့်မီရမည်ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ၏ ဒုတိယတန်းစား ဂုဏ်ထူးတန်းဘွဲ့တစ်ခု နှင့် ညီမျှသည့် အဆင့်အတန်းရှိသည့်ဘွဲ့တစ်ခုရရှိထားရမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ တွင် လုပ်သက်နှစ်နှစ် သို့မဟုတ် ယင်းနှင့်ညီမျှသောအတွေ့အကြုံ ရရှိထားရမည်ဖြစ်ကြောင်း သိရသည်။

ယင်းပညာသင်ဆုအတွက် အသက်အကန့်သတ်ထားခြင်းမရှိဘဲ လူနည်းစုတိုင်းရင်းသားအုပ်စုများ၊ မသန် စွမ်းသူများအပါအဝင် မြန်မာ့လူ့ဘောင်ကို အကျိုးပြုနိုင်မည့်သူများအတွက် ကြိုဆိုလျက်ရှိ ကြောင်း၊ www.cheveninng.org/burma မှသတင်းအချက်အလက်များ ရယူပြီးအင်တာနက်မှတစ် ဆင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း၊ ပညာသင်ဆု ရွေးချယ်ခံရသည့် ဆန်ခါတင်စာရင်းပါဝင်သည့်သူများကို ၂၀၁၅ ခုနှစ် မတ်လနောက်ဆုံး ထားပြီး လူတွေ့စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ 


Democracy Today Daily
သြဂုတ် (၂) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...