တိုကပ်နေတဲ့ ဘောင်းဘီ ၀တ်ထားတဲ့ အမျိုးသမီးကို အခြားအမျိုးသမီး တစ်ဦးက ကြည့်မရတဲ့ အတွက် တိုက်ခိုက်

Alica Rae Hanson ဆိုတဲ့ အသက်၂၅နှစ်အရွယ် အမျိုးသမီး တစ်ယောက်ဟာ ၀ါရှင်တန်မြို့တော် က ပါတီပွဲ တစ်ခုမှာ အခြားအမျိုးသမီး တစ်ယောက်ကို တိုက်ခိုက် ခဲ့ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ အကြောင်း ရင်းကတော့ အခြားအမျိုးသမီးရဲ့ဘောင်းဘီတိုဟာ တိုလွန်းနေတဲ့ အတွက်ဖြစ်ပါတယ်။

Hanson ဟာ မိနစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ တာဖြစ်ပြီး ထိုအမျိုးသမီးကို ကြမ်းပြင်ပေါ် ဆွဲလှဲ၍ လက်သီးနဲ့ ထိုးခဲ့သလို သူမခန္ဓာကိုယ်ပေါ် ခုန်ခဲ့ပြီး ခေါင်းကို လက်ဖြင့်ကိုင်ကာ တိုက်ခိုက်ပြီး ဆံပင်များလည်း ဆွဲနှုတ် ပစ်ခဲ့ပါတယ်။

ရဲတွေရောက်ရှိ လာချိန်မှာတော့ ထို အမျိုးသမီးရဲ့ မျက်နှာအရိုးများ ကျိုးနေသလို ဘယ်ဘက်မျက်လုံးထဲ မှာလည်း သွေးထွက်နေခဲ့ပါတယ်။ Hanson ကိုတော့ တရားရုံးက ရာဇ၀တ်ပြစ်မှု ဒုတိယအဆင့် ကိုယ်ထိ လက်ရောက်ကျူးလွန်မှုနဲ့ ပြစ်ဒဏ်ငွေ ပေးဆောင်စေခဲ့ပါတယ်။ Hanson ဟာ ယခင်ကတော့ ပြစ်မှု ကျူးလွန်ခဲ့တဲ့ သမိုင်း တစ်ခုမှ မရှိခဲ့ပါဘူး။


Ref:dailymail.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...