စိတ်ဖိစီးမှုတွေဟာ ဒီလိုအချိန်တွေမှာ သင့်အတွက် သူငယ်ချင်းကောင်း ဖြစ်နိုင်
ပြေးလိုက်၊ လွှားလိုက်၊ ပုန်းကွယ်လိုက် လုပ်နိုင် ပေမယ့် ဘယ်တော့မှ မလွတ်မြောက်နိုင်တဲ့ အရာတွေ ရှိနေပါတယ်။ စဉ်းစားကြည့်လေ မနက် မိုးလင်းတာနဲ့ ဒီနေ့ ဘယ်အလုပ်တွေကို အပြီး သတ် လုပ်ရမယ် ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း လက်ကိုင်ဖုန်း အသစ်လဲဖို့ ပိုက်ဆံရှာရမယ့် ကိစ္စမျိုး စတာတွေနဲ့ သင့်ရဲ့စိတ်ဟာ အရာရာကြောင့် အမြဲ ပူပန်နေကြရတာပါပဲ။ ဖိစီးမှုတွေလည်း ရှိနေရ တာပါပဲ။ ဒါပေမယ့် ဒီစိတ်ဖိစီးမှု တွေကြောင့် သင့်ဘ၀မှာ ကောင်းကျိုး တစ်ချို့ကိုလည်း ခံစားနိုင်ပါတယ်။ အဲ့ဒါတွေကတော့...
၁။GYM ကစားတဲ့အခါ ဖြစ်လာတဲ့ စိတ်ဖိစီးမှု
ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်တဲ့အခါ၊ ဒါမှမဟုတ် GYM ကစားတဲ့အခါ သင့်စိတ်ထဲမှာ ရှိနေတဲ့ စိတ်ဖိစီးမှုတွေကြောင့် သင်ဟာ ပိုကစားပါလိမ့်မယ်။ ဒီလိုအချိန်မှာ ရရှိလာမယ့် အဖြေဟာ သင့်အတွက် ကောင်းကျိုးတွေပဲပေါ့။ ဒီ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ six-pack ခပ်မြန်မြန် ဖြစ်မလာရင် ကြိုက် သလိုပြော။
၂။အလုပ်ခွင်က စိတ်ဖိစီးမှု
အောင်မြင်တဲ့လူတိုင်းအား တွန်းအားတွေ၊ စိတ်ဖိစီးမှုတွေဒဏ်ကို ခံခဲ့ရတာချည်းပါပဲ။ ကိုယ့်မှာ ပြိုင်ဘက် တွေ ရှိလာရင် သူတို့ကို ဘယ်လိုအနိုင်ပိုင်းရမလဲဆိုတဲ့ စိတ်ဖိစီးမှုတွေကို ကျော်လွန်ကြိုးစားနိုင်မှ အောင်မြင်မှု ဆိုတာကို ရရှိမှာပါ။ အလုပ်ပင်ပန်းပြီး စိတ်ဖိစီးမှုတွေ ရှိနေတာကိုက သင်ဟာအလုပ်မှာ ပေါ့ပေါ့နေတတ်တဲ့သူမဟုတ်ဘူး၊ တာဝန်ယူတတ်တဲ့သူဆိုတာ ထင်ရှားနေပါတယ်။ ဒီအချက်ကို ကိုယ့်ဘေးက လူတွေကလည်း သတိပြုမိမှာပါ။ ဒီဖိစီးမှုကြောင့် သင်ဟာလုပ်ရည်ကိုင်ရည် ပိုရှိလာမယ်၊ အထက်အရာရှိရဲ့ သတိပြုခြင်းကိုလည်း ခံလာရမှာပါ။
၃။ပြိုင်ပွဲကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှု
ဘယ်အရာကမှ အလွန်အကျွံဆိုရင် မကောင်းတော့ပါဘူး။ သင်ဟာ သင့်ပြိုင်ရမယ့် ပြိုင်ပွဲကြောင့် စိတ် ဖိစီးမှုခံစားနေရတာ သဘာဝကျပါတယ်။ အလွန်အကျွံ စိတ်ပူတာမျိုး မဟုတ်ပဲ သာမာန် စိတ်ဖိစီးမှု ဖြစ်တာဆိုရင် သင်ဟာ အားထုတ်မှုပိုင်းမှာ မြင့်မားလာပါလိမ့်မယ်။ ပြိုင်ဘက်တွေကပေးတဲ့ ဖိစီးမှုကြောင့် လည်း သင်ဟာ အနိုင်ရသွားတာမျိုးတွေ ကြုံတွေ့ရပါလိမ့်မယ်။
၎။နေအိမ်မှာ ခံစားရတဲ့ စိတ်ဖိစီးမှု
အချက် (၃)မှာ ပြောခဲ့သလိုပါပဲ။ စိတ်ဖိစီးမှုကို အလွန်အကျူး ခံစားနေရတာမျိုး မဟုတ်ပဲ ခံစားသင့် သလောက်သာ ခံစားနေရတာဆိုရင် ဒါဟာ ကောင်းတယ် လို့တောင် ဆိုနိုင်ပါတယ်။ သင်စိတ်ဖိစီးတဲ့ အခါ သင့်ခန္ဓာကိုယ်ကနေ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ ဒီအချက်ပြတာတွေဟာ ဦးနှောက်က ပို့လွှတ်လိုက်တာ ဖြစ်တဲ့အတွက် သင့်ရဲ့မှတ်ဥာဏ်ကို ပိုမိုမြင့်မားစေပါတယ်။
၅။စာသင်ခန်းထဲမှာ ခံစားရတဲ့ စိတ်ဖိစီးမှု
မနက်ဖြန်၊ သန်ဘက်ခါ စာမေးပွဲဖြေရတော့မယ်။ ခုထိ စာတစ်လုံးမှ မရသေးတာကြောင့် စာသင်ခန်းထဲ ဖိစီးမှုဒဏ်တွေ အလူးအလဲ ခံစားနေရတာမျိုးကတော့ သင့်အတွက် ကောင်းကျိုးရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် စာသင်ခန်းထဲမှာ စာလေ့လာရင်း ရရှိလာတဲ့ ဖိစီးမှုကတော့ လုံးဝဖိစီးမှုမရှိတဲ့ သူတွေထက် စာရင် သင့်ဟာ ပိုမိုတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်လိမ့် မယ်ဆိုတာ ကြိုတင်ဟောကိန်း ထုတ်ထား သလိုပါပဲ။
Ref:mensxp.com

Trend Myamar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook