ကိုယ်ချင်းစာစိတ် အခြေပြုတည် ပရဟိတ လူမှုဂုဏ်ရည်
(ဧည့်သည် အယ်ဒီတာစကား)
ပရဟိတ အတွက် အလုပ်လုပ် ရပြီဆို ကတည်းက ကိုယ်ကိုယ်တိုင် ငွေကြေး ရယူပြီး လုပ်ရတဲ့ အလုပ်ထက် တာဝန်က ပိုပြီး ဝန်မလေးသလို ခံစားရတယ်။ ပြီးတော့ စိတ်လည်း ရှင်းပါတယ်။ ဥပမာ စတိတ်ရှိုး တစ်ခုဆိုရင် ကိုယ်ငွေကြေး ရယူပြီး သီဆို ဖျော်ဖြေ တာထက် ရသမျှ ငွေကြေး အားလုံးကို လှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီဆိုဖျော်ဖြေတဲ့ စတိတ်ရှိုးနဲ့ ခံစားချက်က မတူပါဘူး။ ပရဟိတ အလုပ် လုပ်ရတာက ပိုလည်း စိတ်ရှင်းတယ်။ ပိုလည်း လွတ်လပ် ပေါ့ပါးတယ်။ ပရဟိတ အလုပ် ကတော့ ကျွန်မ တို့တိုင်းပြည်မှာ တကယ် လိုအပ်တဲ့ နေရာတွေ အများကြီးရှိနေလို့ လူတိုင်းဟာ ကိုယ်ချင်းစာစိတ်ကို အခြေခံပြီး ဖြစ်တည်လာတဲ့ စိတ်ရင်း စေတနာကနေ ပရဟိတ အလုပ်တွေ လုပ်ဖြစ် ကြ တာများပါတယ်။ တခြားတိုင်းပြည်မှာတော့ လိုအပ်တာထက် လူသားအချင်းချင်း ချစ်ခင် ကြင်နာမှုပြ လိုတဲ့သဘောနဲ့ လုပ်ဖြစ်ကြတာရှိတယ်။ ကျွန်မတို့ဆီမှာတော့ တကယ် လိုအပ်လို့ လုပ်နေ ကြတာများ ပါတယ်။ ပရဟိတလုပ်တဲ့သူတွေကို ကျွန်မဂုဏ်ယူပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဆီမှာ လိုအပ်နေတာတွေက ငြင်းလို့ မရအောင် တည်ရှိနေတာမို့ စိတ်မကောင်းစရာ ဖြစ်တာပေါ့။ လိုအပ်တာမှ တော်တော်ကို လိုအပ်နေတယ်။
ပညာရေးမှာပဲဖြစ်ဖြစ်၊ကျန်းမာရေးမှာ ပဲဖြစ်ဖြစ်ပေါ့။ကျွန်မတို့ဆိုရင် အနုပညာရှင်တွေနဲ့ရော ခင်မင် ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ပါ စုပေါင်းပြီးမေတ္တာသင်္ဂဟ အဖွဲ့ ဖွဲ့စည်းပြီး လစဉ်လတိုင်းမှာ လိုအပ်တဲ့ နေရာတွေဆီသွား ရောက် လှူဒါန်းဖြစ်ပါတယ်။ တကယ်တော့လည်း ကျွန်မတို့ လုပ်နိုင်တာလေး ကတ ကယ် တိုင်းပြည်မှာလိုအပ်တာနဲ့ ယှဉ် လိုက်ရင်သဲလေးတစ်ပွင့် လောက် ပဲရှိပါတယ်။ ဒါပေမဲ့ သဲလေး တစ်ပွင့်မို့လို့ မထူးဘူးဆိုတဲ့စိတ်မျိုး တော့ထားလို့မဖြစ်ဘူး။ လူတိုင်း ကမိမိနိုင်သလောက်လေးအား လုံးကိုကူ ညီဖေးမသွားကြမယ်ဆိုရင် သင့်လျော်မှန်ကန်တဲ့အ နေအထားလေးတစ်ခုတော့ ဖြစ်တည် ရောက် ရှိလာမှာပါ။ ခုဆိုရင် သက်ဆိုင်ရာ ကာယကံ ရှင်တွေရဲ့ကိုယ်တိုင် ရွေး ချယ်တဲ့အတိုင်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ ကျွန်မ ဆိုရင် ပရဟိတ အလုပ်တွေအ နေနဲ့ဘယ်အရာကို လုပ်ချင်ဆုံး လဲလို့ မေးရင် ကိုယ်တတ်နိုင်တဲ့ အလုပ် မျိုးကိုပဲ ကျွန်မလုပ်ချင်တယ် လို့ဖြေမှာပဲ။ ကိုယ်ကိုယ် တိုင်ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တဲ့ အလုပ်နဲ့ပဲ ကူညီချင်တယ်။ ဒီလိုပဲ ကိုယ်ပိုင်နိုင်တဲ့ အလုပ် ကနေရတဲ့ ငွေကြေး နဲ့လည်း ကူညီ ချင်ကူညီမယ်။ ကိုယ်ပိုင်နိုင်တဲ့ လုပ်အားအလှူကိုလည်း လှူချင်လှူမယ်ဆိုတဲ့ သဘော မျိုးဆိုလိုတာပါ။
လှူဒါန်းတဲ့အဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ များစွာ ရှိနေပါတယ်။ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်ပြီး ပရဟိတအလှူတွေလည်း ရေရှည်အကျိုးရှိ စေနိုင်ဖို့ဆိုရင် ကျွန်မ အနေ နဲ့နိုင်ငံသူနိုင်ငံသား အားလုံး ပညာတတ်ဖို့ အတွက် ကူညီတာက ပိုပြီး အဆင်ပြေမယ်လို့ ထင်မြင်မိတယ်။ လူတိုင်းရဲ့ အသိတရားနဲ့ အတတ်ပညာက နိုင်ငံ တစ်ခုနဲ့ လူ့အဖွဲ့ အစည်းအတွင်းမှာ အမှန်တကယ် လိုအပ်တယ်။ ဒါ့အပြင် လူတိုင်းမှာ အသိတရားလည်းရှိဖို့လိုသလို၊ အတတ်ပညာ တတ်ဖို့လည်း လိုအပ်ပါတယ်။ အဲဒါမှ တိုင်း ပြည် တစ်ခု လုံးတိုးတက်စေမယ်။ လှူဒါန်းလိုက်တယ်ဆိုတာ ကလှူဒါန်းလိုက်တဲ့အချိန် ခဏပဲအကျိုးရှိ ပါတယ်။
ရေရှည် အကျိုးဖြစ်ထွန်းသွားဖို့အတွက် ကျတော့အလှူခံလို့ရတဲ့ ငွေကြေး နဲ့ကာယကံရှင်များရဲ့ အရည် အချင်းကို မြှင့်တင်ပေးမှရပါ မယ်။ ကျွန်မတို့အခု ပရဟိတ စလုပ်ဖြစ် တယ် ဆိုတာက လည်း ကိုယ်ချင်း စာစိတ်ကလေးက ရင်တွင်း သန္ဓေတည်စခဲ့တာ ပါ။ လူတိုင်းလူတိုင်း ကိုယ်ချင်း စာစိတ်ကလေး ရှိတယ် ဆိုရင် ပဲ ပရဟိတ အလုပ် ကို လုပ်ဖြစ် ကြမှာပါ။ ကျွန်မကိုယ်တိုင် လည်း မြန်မာပြည်မှာပြုလုပ်တဲ့ Charity Show တုန်းကတော့ အမေစုရဲ့ပညာရေး ကွန်ရက်ကို သိန်း ၁ဝဝ လောက်ပဲ လှူဒါန်း လိုက်နိုင် တယ်။ စုစုပေါင်းအလှူငွေထဲက အကူအညီလို အပ်တဲ့၇နေ ရာကိုသိန်း ၁ဝဝ ဆီလှူဒါန်းလိုက် ခဲ့တယ်။အခုနောက်ပိုင်းကျွန်မ လုပ်ဖြစ်သမျှတွေထဲမှာအမေ စုရဲ့ပညာရေး ကွန်ရက်ကို ပိုပြီး စိတ်အားထက်သန် ဖြစ်မိခဲ့ပါတယ်။ အထက်မှာကျွန်မ ပြောခဲ့သလိုပဲကလေးတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးမှသာနောင် အနာဂတ်တိုင်းပြည်ရဲ့ အ ရည် အချင်းလည်း မြင့်သထက်မြင့်လာမယ် ဆိုတာ ယုံကြည် ထားလို့ပါ။ ကျွန်မ လုပ်နိုင်တာလေးက သဲတစ်ပွင့်ပါပဲ။ ကိုယ်ကူညီ နိုင်သလောက် ကူညီနေတဲ့ သဘောမျိုးပါ။ သြ စတြေးလျနိုင်ငံမှာ လုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတုန်းက ရရှိခဲ့တဲ့ သိန်း ၅၈ဝ ဝန်းကျင်လောက်ကို အမေစုရဲ့ ပညာရေး ကွန်ရက်နဲ့ ကျန်းမာရေး ကွန်ယက်ကို ခွဲဝေလှူဒါန်း နိုင်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ တခြား ပရဟိတ ခေါင်းစဉ်နဲ့လာတဲ့ ကိုယ်တတ်နိုင်တဲ့ ပွဲမျိုးတွေမှာ ပါဝင်ကူညီဖြစ်မှာပါ။ ကိုယ် တတ်နိုင်တဲ့ ပွဲဆိုတာက ကျွန်မ အနေနဲ့ခရီးထွက်နေ တာတို့၊ မအားလပ်တာမျိုးတို့ တိုက်ဆိုင် တာရှိတတ်တော့အဆင် ပြေတဲ့ ပွဲတွေမှာကူညီဖြစ်မှာပါ။ နောက်နှစ်မှာတော့ အမေရိက ဘက်ကိုလှည့်လည်ပြီး သြစတြေးလျမှာ ကျင်း ပခဲ့တဲ့ပွဲမျိုး အမေစုရဲ့ကျန်းမာရေးနဲ့ ပညာ ရေးကွန်ရက်အကျိုးအတွက် သွားရောက်လုပ်ဆောင် ဖြစ်မှာပါ။
ငယ်ငယ်ကတော့ ကျောင်းမှာ သင်ရတာက ပရဟိတစိတ် ဆိုတာ အများအကျိုး လိုလား တဲ့စိတ်ကို သင်ယူ ဖူးပါတယ်။အဲ ဒီတုန်းက တော့သေသေချာချာ နားမလည် ဘူး။ သင်ကြားရသ လောက်ပဲ တတ်မြောက်ခဲ့တယ်။ ကျွန်မအလွတ်ကျက်ဆိုလည်း ကျက်ခဲ့ရတယ်။ အခုအခါ အသက်အရွယ်ကြီး လာတော့မှ ကျွန်မအနေနဲ့ သဘောပေါက် လာ တယ်။ဒါကြောင့်မို့ကိုယ့် ထက်နိမ့်ကျသူများကိုကိုယ် ချင်းစာတဲ့ စိတ်အပေါ်မှာအ ခြေခံပြီးဖြစ်လာတဲ့စေတနာ ဆိုတာ ပရဟိတ စိတ်ထားပဲလို့ ပြောကြားရင်း ပေါ်ပြူလာ ဂျာနယ်ရဲ့ အလှည့်ကျ ဧည့်သည် အယ်ဒီတာစကားကို အဆုံးသတ် လိုက်ရပါတော့တယ်။
ထွန်းအိန္ဒြာဗို

Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook