ရေအောက်ထဲမှာ အသက်မရှူဘဲ (၂၂)မိနစ်ကြာ နေထိုင်ပြပြီး ကမ္ဘာ့ စံချိန်သစ် တင်ရှိ
ဒိန်းမတ်နိုင်ငံ၊ အယ်လ် ဘော့မြို့မှာ နေထိုင်တဲ့ အသက် (၄၁)နှစ် အရွယ်ရှိ စတစ်ဆီဗန် ရင်ဆန်ဟာ ရေအောက် ထဲမှာ အသက် မရှူမဘဲ (၂၂) မိနစ် ကြာတဲ့ အထိ နေထိုင်ပြပြီး ကမ္ဘာ့ စံချိန် တစ်ရပ်ကို ရေးထိုးနိုင် ခဲ့ကြောင်း သိရှိရပါတယ်။ ဆီဗန်ရင်ဆန်ကို အသက်မရှူတဲ့ လူသား အဖြစ်လည်း အမည် ပြောင်ပေးထား ကြပါတယ်။ ဆီဗန်ရင်ဆန်ဟာ ဇနည ကျင့်စဉ် နည်းလမ်းကို အသုံးပြုပြီး အသက်ရှူခြင်းကို ထိန်းချုပ်နိုင်အောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဆီဗန်ရင်ဆန်ဟာ ၂၀၁၂၊ အောက်တိုဘာ တုန်းက လန်ဒန်မြို့မှာ ရှိတဲ့ ရေကူးကန် တစ်ခုမှာ ကမ္ဘာ့ စံချိန်သစ်ကို တင်ရှိခဲ့ တာဖြစ်ပါတယ်။ အဲဒီတုန်းက ဆီဗန်ရင်ဆန်ဟာ ရေအောက် ထဲမှာ အသက်မရှူဘဲ (၂၂) မိနစ် နေထိုင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ထူးခြားတာက ဆီဗန်ရင်ဆန်ဟာ ကမ္ဘာ့ စံချိန် အများ အပြားကို တင်ရှိထားခြင်း ပဲဖြစ်ပါတယ်။ ပေ(၅၀၀) အကွာအဝေးရှိတဲ့ ရေအောက်ထဲကို (၂) မိနစ်နဲ့ (၁၁) စက္ကန်ပ အချိန်ယူပြီး သွားလာပြခဲ့တဲ့ စံချိန်ကိုလည်း တင်ရှိထားသူ ဖြစ်ပါတယ်။
ဆီဗန်ရင်ဆန်က ရေအောက်ထဲမှာ (၂၂) မိနစ်ကြာ နေထိုင်ရဖို့ သိပ်အခက်အခ မရှိပါဘူး။ ဒါပေမဲ့ ဒီလို မပြုလုပ်မီမှာတော့ စိတ်ဖိစီးမှုတွေ ကြုံ တွေ့ရနိုင်ပါတယ်။ ရေအောက်ထဲ ရောက်သွားတဲ့ အခါမှာတော့ အားလုံးကို စွမ်း ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ ရေထဲ မှာနေထိုင်ရတာကို အရမ်းကို နှစ်သက်ပါ တယ်။ ငယ်စဉ်ဘ၀ ကတည်းက သားရေ အရုပ်လေးတွေကို ရေထဲမှာ မကြာခဏ ဆင်းဆယ်ခဲ့ဖူး ပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။ ဆီဗန်ရင် ဆန်ဟာ ရက်ဂ်ဘီအားကစားနည်းပြအဖြစ် ဆောင်ရွက် ခဲ့ပြီးနောက် ၂၀၁၃ မှာစတင်ပြီး ဒိုင်ဗင်ထိုးခြင်းကို လေ့လာခဲ့တာဖြစ်ပါတယ်။ ရေအောက်ထဲမှာ နေထိုင် ခြင်းနဲ့ ပတ်သက်ပြီး (၁၀)နှစ်ကျော်ကြာ လေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ စံချိန်(၃)ခုကို တင်ရှိခဲ့ပါတယ်။ ဆီဗန်ရင်ဆန်ဟာ အသက်ရှူခြင်းနဲ့ ပတ်သက်တဲ့ စာအုပ် တစ်အုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ရေအောက်ထဲမှာ ဘယ်လိုပြုမူနေထိုင်ရမလဲ ဆိုတာကို ရှင်းလင်းမှု တွေပြု လုပ်ထားပါတယ်။ ဆီဗန်ရင်ဆန်က ရေအောက်ထဲကို ရောက်သွားတဲ့ အချိန်မှာ နှလုံးခုန်နှုန်း ကျဆင်းသွားပြီး သွေးခုန်နှုန်း တွေမြန်လာမှာ ဖြစ်သလို စိတ်ကလည်း အပြောင်းအလဲတွေဖြစ်နေမှာပါ။ ဒါပေမဲ့ ဦးနှောက်ရဲ့ အကူအညီကိုရယူပြီး တည်ငြိမ်မှု ရှိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ စိတ်ထဲမှာ တစ်ခုခုကိုစွဲမက်ပြီး တည်တည်ငြိမ်ငြိမ်ဖြစ် အောင် ပြုလုပ်နိုင်မယ်ဆိုရင် ရေထဲမှာ အကြာကြီးနေလို့ရမှာ ဖြစ်ပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဆီဗန်ရင်ဆန်ဟာ ရေအောက်ထဲမှာ စွန့်စားခြင်းကို မပြုလုပ်တော့ဘဲ အပြီးတိုင် အနားယူသွားခဲ့ပြီဖြစ် ပါတယ်။ ဒါပေမဲ့ သူဟာရေကူးခြင်းနဲ့ ပတ်သက်တဲ့ နည်းစနစ်ပိုင်းတွေ ကိုတော့ ကလေးသူငယ်တွေနဲ့ စစ်သားတွေကို သင်ပေးနေတယ်လို့ သိရပါတယ်။

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook