AIDS ၏ ကပ်ရောဂါ အသွင် ဖြစ်ပွားမှုကို ၂၀၃၀ တွင် ထိန်းချုပ် နိုင်မည်ဟု ကုလသမဂ္ဂ ထုတ်ပြန်

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးဟာ အေအိုင်ဒီအက် ရောဂါရဲ့ ကပ်ရောဂါ (Epidemic) အသွင်ဖြစ်ပွား နေမှုကို ၂၀၃၀ ခုနှစ်မှာ ထိန်းချုပ်နိုင် တော့မှာ ဖြစ်ကြောင်း သတင်း ထုတ်ပြန် လိုက်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲ့ အစည်းကြီး တစ်ခုဖြစ်တဲ့ UNAIDS ကတော့ လက်ရှိ အချိန်မှာ HIV ပိုး ကူးစက်ခံရမှု အသစ်တွေ၊ ခုခံအား ကျဆင်းမှု ကူးစက် ရောဂါကြောင့် သေဆုံးရ မှုတွေဟာ ကမ္ဘာနဲ့အ၀ှမ်း ဖြစ်နေဆဲပဲလို့ ပြောကြား ထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုချုပ် ဘန်ကီမွန်းရဲ့ ပြော ကြားချက်အရ အခုလက်ရှိအချိန်မှာ လူဦးရေ ၃၅ သန်းဟာ HIV ပိုးကူးစက်ခံရပြီး အသက်ရှင်နေရသလို ၂၀၁၃ ခုနှစ်အတွင်းမှာပဲ ပိုးကူး စက်ခံရသူအသစ်၂.၁ သန်း ရှိနေကြောင်း၊ ဒါပေမယ့် ၂၀၀၁ခုနှစ်က အရေအတွက်ဖြစ်တဲ့ ၃.၄ သန်း ထက်တော့ လျော့ကျ သွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ 

လာမယ့်နှစ်များအတွင်းမှာ၂၀၃၀ခုနှစ်ထိဦးတည်ပြီး ကြိုးပမ်းရာမှာ ဒီနှစ်အတွင်းမှာတော့ ပိုးကူးစက်ခံရသူ ၁၀ဦးမှာ ၄ဦးကို ဗိုင်းရပ်ပိုး သေဆေးဝါးတွေ တိုက်ကျွေးနိုင်ပြီး အဖြစ်အများဆုံး နိုင်ငံ ၁၅နိုင်ငံမှာ ရောဂါ ပိုးအသစ် ကူးစက်ခံရမှုကို လျှော့ချဖို့ အပူတပြင်း လုပ်ဆောင် နေကြပါတယ်။

UNAIDS ရဲ့ တာဝန်ခံဒါရိုက်တာဖြစ်တဲ့ Michael Sidibe့ က HIV အတွက် လှုပ်ရှားမှု၊ ကမ်ပိန်းများ၊ ဆေးတိုက်ကျွေးမှုများကို ၂၀၂၀ခုနှစ် မှာ ယခုအရှိန်ထက် ၂ဆမြှင့်တင်ပြီး ၂၀၃၀ ခုနှစ် အရောက်မှာ ကပ်ရောဂါအသွင် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင် တော့မှာဖြစ်ကြောင်း ထုတ်ပြန် ထားပါတယ်။


သန့်စင်
ref;ANI
Health Updates Journal No. 128
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...