အသားဓာတ် နည်းလျှင် အသည်းကြွပ် ရောဂါ ဖြစ်တက်သည်

အသည်း ဆိုတာနဲ့ လူတိုင်းနည်းပါး သိရှိနေကြ မှာပါ အသည်းသည် လူခန္ဓာကိုယ် လက်ျာ ဘက်ခြမ်း နံရိုးအောက်နား နေရာတွင် အလေးချိန် အားဖြင့် သုံးပေါင်မျှသာ ရှိနေသည် အသည်း ပင်ဖြစ် ပါသည် ။

ဒီအသည်းသည် နေ့ စဉ်နေ့ တိုင်း စားသောက် နေသည့် အစားအသောက် များကို လိုအပ်သော ဓာတ်များကို ပြု့ လုပ်ပြီး မလိုအပ်ပိုနေ အဆိပ် တောက် များကို စီစစ်စွန့် ပယ်လုပ်ဆောင် နေသည့် အရာတစ်ခု လည်းဖြစ်ပါသည်။ သူ့  လုပ်ဆောင်ချက် များစွာ ရှိနေပြီး လုပ်ဆောင်နေ ရသည့်အတွက် အသည်းအတွက် ပြန်လည်ဖြည့် တင်း ပေးရန်လည်း လိုအပ်ပါသည် ။ ဒီလိုနုနယ် အလုပ်များနေသော အသည်းကို တစ်ချို့ က ဂရုမပြု သည့်အခါ အသည်းစကားပြောစရာ များဖြစ်လာတက်ပါသည်။ အသည်းစကား မပြောမပြောစေဖို့  အသိတရားတစ်ခု အဖြစ် ထပ်မံရေးသား ရခြင်းဖြစ်ပါသည် ။

အသည်းမှာ အသားဓာတ်စားသုံးမှု့ နည်းလျှင် အသည်းကြွပ်ခြင်း ရောဂါဖြစ်တက်ပါသည် ။ အသည်းရော ဂါ မြောက်များစွာရှိနေပေမဲ့ အသည်းကြွပ်ခြင်းသည် အလွန်အရေးကြီးသော အသည်းဆိုင်ရာ ရောဂါ တစ်ခု လည်းဖြစ်နေပါသည် ။ လူတစ်ဦးတိုင်းတွင် ကျန်းမာရေး အသိဖြင့် စားသုံးတက်ဖို့ အလွန်အရေး ပါပါသည် ။ ဒါမှသာ ကျန်းမာခြင်းဆုလာဘ်တစ်ခုကို သင့်ရရှိပြီး စိတ်ချမ်းသာစွာ သွားလာနေထိုင် လှုပ်ရှားနိုင်မှာ အမှန်ပင်ဖြစ်ပါသည် ။

အခြေအခံအစ ပြောပြရရင်ဖြင့် ကလေးသူငယ်များကို မိဘဖြစ်သူများက အသားဓာတ်အဖြစ် အသားကို ကျွေးခြင်းမျို့ အလွန်ကြောက်မိကြပါသည် ဒါမဖြစ်သင့်သည့် အရာပါ ကလေးသူငယ်ဖြစ်ဖြစ် အသားဓာတ် လိုအပ်သဖြင့် ကျွေးပေးသင့်ပါသည် ။ အသားဓာတ်သည် အသည်းအတွက်လည်းကောင်းမွန်ခြင်းကြောင့် ကလေးသူငယ်များကိုလည်း အသားဓာတ်အဖြစ် အစားအစာများကို ကျွေးပေးရပါလိမ့်မည် ။အသည်း တွက် အသားဓာတ်နှင့် ဗီတာမင် ဘီဓာတ်တို့ လုံလောက်ရပါလိမ့်မည် ။ အဲလိုမှ မရရှိ မလုံလောက်လျှင် အသည်းကလပ်စည်းများ သေဆုံးကြသဖြင့် အသည်းကြွပ် မာလာပါလိမ့်မည် ။

နေ့ စဉ်စားသုံးနေသည့်အတွက် အသည်းသည် စားသမျှမှ ဂလိုင်ကိုဂျင်ဓာတ်ကို လူ့ ကြွက်သားများ စား သုံးနိုင်စေရန် ဂလူကို့ စ်အဖြစ်အချိန်တိုင်းပြောင်းလဲပေးနေရပါသည် ။ လူတစ်ဦးတွင် ပြင်ပအရေပြား တစ်နေရာတွင် အပ်စူးခြင်းကြောင်းဌင်း ခိုက်မိခြင်းကြောင့်ဌင်း အသည်းမှ သွေးတိတ်သွေးခဲစေရန် သွေးခဲ ပိတ်ဆို့ စေရန် လုပ်ဆောင်ပေးရသည့် အသည်းပါ ။ ထပ်မံပြီးတော့လည်း ပြင်ပပိုးများကို ခုခံ ကာကွယ်တိုက်ဖျတ်နိုင်ရန်အတွက်လည်း ပဋ္ဋိပစ္စည်းများလည်း ထုတ်လုပ်ပေးပါသည် ။ အခုထက်မက လုပ်ဆောင်ချက်မြောက်များစွာရှိပါသေးသည် ။ ဒီလောက်အထိ အချိန်တိုင်း မနားမနေ လုပ်ဆောင်နေ သည့် အသည်းကို အားအင်အပြည့်ဖြစ်ရန် လိုအပ်သည်ကို သဘောပေါက်သိရှိကြပါ ။

အသည်းရောဂါ ဝေဒနာတစ်ခုအစပြု့ ခဲ့လျှင် နောက်ဆက်တွဲဆိုကျိုးမြောက်မြားစွာဖြစ်ပေါ်လာပါသည် ။ အသည်းလုပ်ဆောင်ချက်တွေ လျော့နည်းလာလေလေ ရောဂါတွေပိုဆိုးဆိုးလာလေပါ ။ အသည်းစကား တွေပြောလာရင် ဗိုက်ပူသည့် ရေဖျဉ်းစွဲခြင်း ၊ သွေးအန်ခြင်း တို့ ဖြစ်ပါသည် ။ ပျက်ဆီးသွားသောနေရာတို့ တွင် သွေးလည်ပတ်မှုကိုပိတ်ဆို့ သောအခါ သွေးကြောနံရံများမှ အရည်များသည် ဝမ်းဗိုက်အတွင်းသို့ ကျဆင်းလာပါသည် အသည်းကြွပ်နေခြင်းကြောင့် ပုံမှန်လုပ်ဆောင်ရမည် အယ်ဘူမင် ပရိုတိန်း ထုတ် လုပ် သည့် လုပ်ဆောင်ချက်များ ကောင်းမွန်စွာ မလုပ်ပေးနိုင်သည့်အတွက် အရည်များ စုပ်ယူထိန်း သိမ်းနိုင်ခြင်း မရှိတော့သည့် အခါ အူနှင့် အစာအိမ် သွေးကြောများတွင် အသည်းကျုံ့ နေသဖြင့် ရှေ့ဆက် မသွားနိုင်တော့ပါ ဒါကြောင့် အူနှင့် အစာအိမ်ထဲမှ အရည်များသည် ထိန်းသိမ်းနိုင်ခြင်း မရှိုနိုင်ခြင်း ကြောင့် အပြင်သို့ ထွက်ကုန်က ဗိုက်ထဲသို့ ရေများရောက်ရှိလာပါတော့သည် သည်လို့ ရောက်ရှိလာသော ရေများကြောင့် ဗိုက်ပူနံကာ ဖြစ်ပေါ်ပြီး ရေဖျဉ်းရောဂါလို့ ခေါ်ဆိုဖြစ် လာပါတော့သည် ။

အသည်း လုပ်ဆောင်ချက် အပြည့်အဝ မလုပ်နိုင်တော့သည့်အချိန်မှာ အသည်းရှိ အသွေးကြောများ ပိတ်ဆို့ ပျက်ဆီးခြင်းကြောင့် တစ်ခြားတစ်နေရာမှာသွေးကြောများစီးဆင်းရပါသည် ။ အဲလို စီးဆင်းရ သဖြင့် သွေးကြောများ ပွလာပြီး လည်ချောင်းမှ ဆင်းသက်သည့် အစာပြွန်နှင့် အစာအိမ်ထိပ်ဝ၌ သွေးကြော ထုံးများဖြစ်ပေါ်လာသည် ။ သွေးအန်ဖို့ အတွက် ဌင်းသွေးကြောထုံများသည် စတင်လာလေ ပါတော့သည် ။ အသည်းလုပ်ဆောင်ချက် ချိုးတဲ့ခြင်းဖြစ်သဖြင့် သွေးခဲဆေးလည်း အသည်းမှ မထုတ်နိုင် လေတော့ သွေးများယိုစီးပေါက်ထွက်လာပြီး သွေးတွေ အန်ခြင်း အပြင် တစ်ချို့ ပြင်းထန်းလာလျှင် စအို ပါပင် သွေးဝမ်းများပါ သွားလာပါသည် ။

ဒီလိုမျိုးတွေဖြစ်တက်သည့် အသည်းကြွပ်ခြင်းကြောင့် ဖြစ်လာတက်သည့် နောက်ဆက်တွဲကို သိရှိပြီး မိမိ ပိုင်ဆိုင်နေသော အသည်းကို အထူးသတိထားမိစေလိုပါသည် ။ နေ့ စဉ်အစားသောက်တွေစုံလင်ပါစေ စားပါစေ ခန္ဓာကိုယ့်အတွက် အဆိပ်တောက်များဖြစ်နေလျှင် စားနေပေမဲ့ ဆိုးကျိုးများသာ ဖြစ်နေတက် ပါသည် ။ နေ့ စဉ်နေ့ တိုင်း ဆိုးကျိုးတွေသာဖြစ်ပေါ်နေခဲ့လျှင် အသည်းစကားပြောလာပါလိမ့်မည် ။

တစ်ခြားတစ်နေရာမှာ အသည်းစကားပြောတာပါလို့  စာစီ စကားဆို လှပပေမဲ့ တကယ်တမ်း သင် ပိုင်ဆိုင်ထားသော အသည်းစစ်စစ် စကားပြောလာခဲ့လျှင် မကောင်းပါ ။

ဒါကြောင့် သင့်အသည်းအတွက် ထပ်မံပြီး ကျန်းမာရေး အသိ အသည်းကြွပ်ရောဂါအဖြစ် ရေးသား တင်ပြ လိုက်ရပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ

ref;https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...