ဂီတာကို ကျွမ်းကျင်စွာ တီးတတ်တဲ့ အသက် (၁၀) နှစ်အရွယ် မျက်မမြင် ကောင်ကလေး

By အေသင်အောင်

ကနေဒါနိုင်ငံမှာ နေထိုင်တဲ့ အသက် (၁၀)နှစ် အရွယ် မျက်မမြင် ကောင်ကလေးဟာ ဂီတာကို ကျွမ်းကျင်စွာ တီးခတ်ပြခဲ့လို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ မွန့်ရီးရဲလ်မြို့မှာ နေထိုင်တဲ့ ဖိလစ်ဟာ ဘလူးသီချင်းတွေကို နှစ်သက်သူဖြစ်ပြီး ဘီဘီကင်း၊ ချာလီပက်တန်၊ ရောဘတ် ဂျွန်ဆင် တို့ရဲ့ သီချင်းတွေကို သီဆို တီးခတ်ပြခဲ့ပါတယ်။ ဖိလစ်ဟာ အကြားအာရုံ အရမ်းကောင်းပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ သူ့ရဲ့ဂီတဖျော်ဖြေနေဟန်ကို ဗီဒီယိုရိုက် ကူးကာ Facebook မှာ လွှင့်တင်ခဲ့ရာ Share ပြုလုပ်ထားတဲ့ အရေအတွက်က (၉၀၀၀၀) ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဖိလစ်ဟာ လမစေ့ဘဲ မွေးဖွားခဲ့တာမို့ မွေးရာပါ အမြင်အာရုံ ချို့ယွင်းခဲ့ပါတယ်။ ဖိလစ်ရဲ့ မိခင်ဖြစ်သူက သူ့ရဲ့သားဟာ ငယ်စဉ် ကတည်းက တူရိယာ ပစ္စည်းတွေနဲ့ ကစားရတာ အလွန်နှစ်သက်ကြောင်း ဆိုခဲ့ ပါတယ်။ ဖိလစ်ကို သူ့ရဲ့မိဘတွေက အသက်ခြောက်နှစ် အရွယ်မှာ ဂီတာဝယ်ပေးခဲ့ တာဖြစ်ပါတယ်။ ဖိလစ်ဟာ ပါရမီရှင်တစ်ဦး ဖြစ်ပြီး ဂီတာကို ကျွမ်းကျင်စွာ တီးခတ်နိုင်တယ်လို့ မိခင်ဖြစ်သူက ပြောကြား ခဲ့ပါတယ်။ ပြင်သစ် စကားကိုသာ ပြောဆိုတတ်တဲ့ ဖိလစ်ဟာ ဘလူးတေးသီချင်းတွေကို အင်္ဂလိပ်လို အကောင်းဆုံး လိုက်ဆိုနိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...