အဘွားဖြစ်သူကို ရိုက်နှက်ပြီး ပစ္စည်းတွေ လုယူသွားတဲ့ မြေးဖြစ်သူ အဖမ်းခံရ

By အေသင်အောင်

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ် မှာ နေထိုင်တဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ အဘွားဖြစ်သူကို ရိုက်နှက်ပြီး ပစ္စည်းတွေ လုယူသွားခဲ့လို့ ဖမ်းဆီးခြင်း ခံခဲ့ရတယ် လို့ သိရပါတယ်။ မက်ဇ်ကီဟာ ရဲမှတ်တမ်းမှာ မကြာခဏ ဖော်ပြခံရသူဖြစ်ပြီး ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း (၁၁) ကြိမ် အထိ ဖမ်းဆီးခံခဲ့ရပါတယ်။ ရာဇ၀တ်မှုတွေ မျိုးစုံ ကျူးလွန်ပြီး မူးယစ်ဆေးဝါး တွေလည်း သုံးစွဲတာမို့ မက်ဇ်ကီရဲ့ မျက်နှာဟာ ဆိုးရွားစွာ ပျက်စီးနေပါတယ်။ မက်ဇ်ကီဟာ အသက် (၂၆)နှစ် အရွယ်ရှိ ယောက်ျားဖြစ်သူနဲ့ ဟိုတယ်မှာ နေထိုင်စဉ် ပိုက်ဆံ မရှိတော့ တာမို့ အဘွား ဖြစ်သူထံ သွားရောက် တောင်းရမ်းခဲ့ပါတယ်။ ဒါပေမဲ့ မက်ဇ်ကီရဲ့ အဘွားက မရှိဘူးလို့ ငြင်းခဲ့ပါတယ်။ ဒါကြောင့် မက်ဇ်ကီဟာ ဒေါသထွက်ပြီး ယောက်ျား ဖြစ်သူနဲ့ပေါင်းကာ အဘွားကို ရိုက်နှက်ပြီး ဒေါ်လာ (၁၉၀၀) တန် လက်ဝတ်ရတနာတွေကို ယူဆောင်သွားခဲ့ပါတယ်။ ပတ်ဝန်းကျင်က လူတွေဟာ မက်ဇ်ကီရဲ့ ရိုင်းပြမှု ကို မြင်တွေ့ပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

မက်ဇီဟာ အဘွားဆီက ယူဆောင်လာတဲ့ ပစ္စည်းနဲ့အတူ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဓာတ်ဆီဆိုင်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ မက်ဇ်ကီဟာ ယောက်ျားဖြစ်သူနဲ့အတူ ဓာတ်ဆီဆိုင်မှာ ဆီဝင်ဖြည့် နေစဉ် ဖမ်းခံရတာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ယောက်ျားဖြစ်သူကို ဖမ်းဆီးချိန်မှာ ဆိုင်ထဲ ရောက်နေတဲ့ မက်ဇ်ကီ က ယောက်ျားအိမ်သာထဲ ၀င်ရောက်ပုန်းခဲ့တယ်လို့ ဆိုပါတယ်။ မက်ဇ်ကီဟာ ဆိုးသွမ်းတဲ့ မိန်းကလေး တစ်ဦးအဖြစ် သတ်မှတ်ခံ ထားရပြီး လိုင်စင်မပါဘဲ ကားမောင်းနှင်မှု၊ ဆေးခြောက် လက်ဝယ်တွေ့ရှိမှု စတဲ့အမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အဘွားဖြစ်သူကို ရိုက်နှက်ပြီး ပစ္စည်း တွေယူဆောင်ခဲ့တာမို့ စွဲချက်မျိုးစုံနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မက်ဇ်ကီဟာ အဘွားဖြစ်သူ တားဆီးနေတဲ့ကြားက အိမ်ကို အတင်း ၀င်ရောက်ပြီး အဘွားရဲ့ အ၀တ်တွေ ဆွဲချွတ်၊ လက်ကိုလိမ်ချိုးကာ ပစ္စည်းတွေ အတင်းအဓမ္မ ယူဆောင် သွားခဲ့ခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ 


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...