သေဆုံးခါနီး အချိန်အထိ တွဲလက် မဖြုတ်ခဲ့တဲ့ ဇနီးမောင်နှံ

အေသင်အောင်
အမေရိကန် ပြည်ထောင်စု၊ ကယ်လီ ဖိုးနီးယား ပြည်နယ်မှာ နေထိုင်တဲ့ ဒွန်နဲ့ မာဇီနီ အမည်ရ ဇနီး မောင်နှံတို့ဟာ သေဆုံးခါနီး အထိ တွဲလက် မဖြုတ်ခဲ့တာမို့ အံ့အား သင့်စရာ ဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ (၆၂)နှစ်ကြာ ပေါင်းသင်း နေထိုင်ခဲ့ ပြီးတဲ့နောက် ရှေ့ဆင့် နောက်ဆင့် သေဆုံး သွားခဲ့ခြင်း ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ကွယ်လွန်ပြီး (၄)နာရီအကြာမှာ ယောက်ျားဖြစ်သူက ကွယ်လွန် သွားခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ရက်တ ည်းမှာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် သွားခဲ့တဲ့ သူတို့ရဲ့ဖြစ်ရပ်ကို အားလုံး အံ့အား သင့်ခဲ့သလို တစ်ဦးနဲ့တစ်ဦး ခွဲခွာခါနီး အချိန်ကို သိရှိနေကြပြီး တွဲလက်တွေကို ဆုပ်ကိုင်ထားခဲ့ တယ်လို့ သိရပါတယ်။ သေဆုံးခါနီး အချိန်မှာ တစ်ဦးနဲ့ တစ်ဦးဟာ လက်တွေကို ဆုပ်ကိုင် ခဲ့တယ်လို့ သူတို့ရဲ့မြေးဖြစ်သူက ပြောကြားခဲ့ ပါတယ်။

ဒွန်နဲ့ မာဇီနီတို့ဟာ အလွန်ချစ်ကြတဲ့ ဇနီးမောင်နှံတွေဖြစ်ကြပြီး လက်ထပ်ပြီးတဲ့ နောက်ကမ္ဘာအနှံ့ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ သူတို့ ဟာ ဘိုးလင်း အားကစားရုံမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး လက်ထပ်ပြီး တဲ့နောက်မှာလည်း ကြင်နာမှုအပြည့်နဲ့ နေထိုင်ခဲ့ကြပါတယ်။ ဇနီးဖြစ်သူ မာဇီနီဟာ ကင်ဆာရောဂါ ဝေဒနာ ခံစားနေခဲ့ရပါတယ်။ ယောက်ျားဖြစ် သူဒွန်ကတော့ ရုတ်တရက် ချော်လဲပြီးတဲ့နောက်မှာ တင်ပါး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ သူတို့နှစ်ဦးကို ကုတင်ကပ်လျက်မှာ ထားရှိ ပေးခဲ့ပါတယ်။ သေဆုံးခါနီး အချိန်မှာ တစ်ဦးနဲ့ တစ်ဦးဟာ တွဲလက်တွေကို ကိုင်ဆုပ် ထားခဲ့ကြပါတယ်။ မြေးဖြစ် သူ မာလီဆာ ဆိုလန် က ကျွန်မ အဘိုးနဲ့အဘွားဟာ တစ်ဦးနဲ့တစ်ဦး အရမ်းကိုချစ်ကြပါတယ်။ သူတို့ဟာ သေဆုံး သွားတဲ့ အချိန်မှာလည်း အတူတူဖြစ် ရမယ်လို့ ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးအချိန်ကို ရောက်ခါနီးမှာ သူတို့နှစ်ဦးကို ကုတင်ကပ်လျက်ပုံစံမှာ ထားရှိပေးခဲ့ပါတယ်။ကွယ်လွန်မှာ ကိုသိနေတာမို့ တစ်ဦးနဲ့တစ်ဦးဟာ လက်တွေကို ဆုပ်ကိုင်ထားခဲ့ကြပါတယ်။ အရမ်းကို အံ့အားသင့်ဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုပါ လို့ပြောကြားသွား ခဲ့ပါတယ်။ မာဇီနီသေဆုံးပြီး သိပ်မကြာမီမှာ ဒွန်လည်း သေဆုံး သွားခဲ့ပါတယ်။ ဒွန်ဟာမြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူကို အရမ်းချစ်တယ်လို့ မြေးဖြစ်သူ မာလီဆာဆိုလန်က ဖွင့်ဟသွားခဲ့ပါတယ်။ ဒါ့အပြင် မာလီဆာဆိုလန်က အချစ်စစ်၊ အချစ်မှန်ကို မြင်တွေ့ ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။


ref;The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...