ဆေးကုသစရိတ် အကြီးဆုံး (၁ဝ) ခု
အမေရိကမှာ...
၁။ Heart Conditions နှလုံး ရောဂါများ = ၁ဝ၇့၂ ဘီလီယန်
နှလုံးရောဂါ ၃ ယောက်မယ် ၁ ယောက်လောက် ရှိတယ်။ ဆေးကုသမှု မှာလဲ ဈေး အကြီးဆုံး ဖြစ်တယ်။ ကိုယ် အလေးချိန် ထိန်းပါ။ အသီးတွေနဲ့ ဟင်းသီး ဟင်းရွက်တွေ များများ စားပါ။ မကောင်းတဲ့ ကိုလက်စထော (အဆီ) များတဲ့ အစာ ရှောင်ပါ။ ဆေးလိပ် မသောက်ပါနဲ့။
၂။ Injuries ထိခိုက်ဒဏ်ရာ = ၈၂့၃ ဘီလီယန်
တနှစ်ကို လူပေါင်း ၄၅ သန်း ထိခိုက်ဒဏ်ရာတွေ ရနေကြတယ်။ ယာဉ်ထိခိုက်မှုက အများဆုံးဖြစ်တယ်။ မူးရင် ကားမမောင်းနဲ့။ ထိုင်ခုံခါးပတ် သုံးပါ။ ဟဲလ်မက်ဆောင်းပါ။ လမ်းတွေကောင်းပါစေ။ မလိုအပ်ဘဲ လမ်း-ခရီး မသွားပါနဲ့။
၃။ Cancer ကင်ဆာ = ၈၁့၇ ဘီလီယန်
လူပေါင်း ၁၃့၆ သန်း ကင်ဆာရောဂါ ရှိနေကြတယ်။ သေနှုန်းတော့ ကျလာပါတယ်။ ဆေးလိပ် မသောက် ပါနဲ့။ အရက် လျှော့သောက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ရွေးစားပါ။ ဆေးစစ်တာ စနစ်တကျ လုပ်နေပါ။
၎။ Mental Disorders စိတ်ရောဂါများ = ၇၃ ဘီလီယန်
လူ ၄ ယောက်မှာ ၁ ယောက် စိတ်ဝေဒနာ တမျိုးမျိုး ရှိနေကြတယ်။ ဥပမာ စိတ်ဓါတ်ကျတာ။
၎။ COPD and Asthma နာတာရှည် အသက်ရှူလမ်း ရောဂါနဲ့ ပန်းနာ = ၆၃့၈ ဘီလီယန်
လေထု သန့်ရှင်းအောင် ကြိုးစားပါ။ လုပ်ငန်းခွင် ကျန်းမာရေး သတိပြုပါ။ ဆေးလိပ် မသောက်ပါနဲ့။
၆။ Joint Disorders အဆစ်တာရောဂါများ = ၆၂့၎ ဘီလီယန်
အသက်ရလာလေ အဖြစ်များလေ။ ဥပမာ Osteoarthritis အဆစ်နာရောဂါ။ ကိုယ်အလေးချိန် မများ စေပါနဲ့။ ကယ်လ်စီယမ် သောက်ပါ။
၇။ Diabetes ဆီးချု = ၅၁့၃ ဘီလီယန်
လူ ၄ ယောက်မှာ ၁ ယောက်နီးပါးရှိတယ်။ နှလုံးနဲ့ ကျောက်ကပ်ကို ဆက်ဖြစ်လာနိုင်တယ်။ မျက်စိနဲ့ အာရုံကြောတွေ ထိခိုက်လာနိုင်တယ်။ ဆီးချုရောဂါသည်တွေ စားရမဲ့ အစားအသောက်ကိုသာ တသက်လုံး စားသုံးပါ။ ဆီးချိုစစ်ပါ။ ဆေးကုသမှု စနစ်တကျ ခံယူနေပါ။ ပျောက်တယ်ဆိုတိုင်း မယုံပါနဲ့။
၈။ High Blood Pressure သွေးတိုး = ၄၂့၉ ဘီလီယန်
နှလုံးရောဂါနဲ့ လေဖြတ်တာ ဆက်ဖြစ်လာနိုင်တယ်။ ဆားလျှော့စားပါ။ ကိုယ်လက်လေ့ကျင့် ခန်းလုပ်ပါ။ ဆေးလိပ် မသောက်ပါနဲ့။ အရက်လျှော့သောက်ပါ။ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။ ဆေးကု သမှု နေ့တိုင်းလုပ်ပါ။
၉။ Back Problems ခါးရောဂါ = ၃၉့၃ ဘီလီယန်
ခါးကိုစနစ်ကျေသုံးတတ်ပါစေ။ ကျန်းမာရေးပညာပေးကို အလေးအနက်ထားပါ။ အိပ်-ထိုင်-ရပ်-သွား ဘယ်လို လုပ်ရမယ်ဆိုတာ လိုက်နာပါ။
၁ဝ။ High Cholesterol ကိုလက်စထောများခြင်း = ၃၇့၂ ဘီလီယန်
ဆီ၊ အဆီ သတိထားသုံးပါ။ ဆေး (သွေး) စစ်ပါ။ ကိုယ်အလေးချိန်ထိန်းပါ။ ဆိုင်စာတွေ ရှောင်နိုင်သမျှ ရှောင်ပါ။ အလွယ်ဝယ်စားရတာတွေက မသင့်တာများတယ်။
(၁ဝ) မျိုးရဲ့နောက်မှာကပ်လိုက်လာတာက ၁၁ = ကလေးမီးဖွးခြင်းဖြစ်တယ်။ ၃၄့၉ ဘီလီယန်
အမေရိကမှာ တနှစ်ကို ကလေးပေါင်း ၄့၂ သန်းမွေးနေတယ်။ ခွဲမွေးရင် ပိုက်ဆံပိုကုန်တယ်။ လူပျိုကြီး-အပျိုကြီး လုပ်ဘို့တော့ မတိုက်တွန်းပါ။ ကျန်းမာတဲ့ကိုယ်ဝန်ဖြစ်အောင် ဂရုပြုပါ။ မလိုအပ်ဘဲခွဲမမွေးပါနဲ့။
ဒေါက်တာတင့်ဆွေ
၃-၇-၂ဝ၁၄

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook