Call Control – Call Blocker v3.1.16.4 for Android
Android ဖုန်းတွေ အတွက် ထွက်ရှိထားတဲ့ Call Blocker ဆော့ဝဲတွေ ထဲမှာတော့ အခု မိတ်ဆက်ပေးမယ့် “Call Control – Call Blocker” လို့ခေါ်တဲ့ ဆော့ဝဲလေးက Feature အစုံလင်ဆုံး ဆော့ဝဲလေးလို့ ပြောနိုင်ပါတယ်။ ဒီဆော့ဝဲလေးကို အသုံးပြုပြီး
- ဖုန်းနံပါတ်အားလုံးကို Block ထားနိုင်ခြင်း
- နိုင်ငံ ၊ မြို့နယ် ဧရိယာကုဒ်ဖြင့် ဖုန်းနံပါတ်များကို Block ထားနိုင်ခြင်း (i.e. 888, 800, 206).
- ဖုန်းနံပါတ်၏ရှေ့နံပါတ်အစ နှစ်လုံးသုံးလုံးခန့်ကို Block ရန်သတ်မှတ်ပေးခြင်းအားဖြင့် ယင်းဂဏန်းတွေနဲ့စတဲ့ဖုန်းနံပါတ်မှန်သမျှကို Block ထားနိုင်ခြင်း (i.e. 888-209-????)
- ဖုန်း Message တွေကိုဝင်မလာအောင် Block ထားနိုင်ခြင်း
- Private & Unknown calls နာမည်ဖြင့် ၀င်လာသော ဖုန်းနံပါတ်များကို Block ထားနိုင်ခြင်း စတာတွေကို ပြုလုပ်ထားနိုင် ပါတယ်။
ဖုန်းရဲ့ Call & Call Log ကဏ္ဍကို ထိန်းချုပ်စီမံနိုင်မယ့် အခြား feature များစွာလည်း ပါဝင်ပါသေးတယ်။
Call Control – Call Blocker v3.1.16.4 for Android ကိုအောက်က link မှာ ရယူနိုင်ပါတယ်။
ref;MMAS
--------------------------------------