How to Root Android v1.8 for Android
သာမန် Users တွေ အနေနဲ့ Android ဖုန်းတစ်လုံးကို ဘယ်လို Root လုပ်ရမလဲ ဆိုတာကို သိချင်ရင်တော့ How to Root Android ဆိုတဲ့ Android ဖုန်းဆော့ဝဲလေးကို ဆောင်ထား သင့်ပါတယ်။ ဒီဆော့ဝဲလေးမှာ Android ဖုန်း Brand အမျိုးအစားအလိုက်၊ ဖုန်းအမျိုးအစား အလိုက် Root လုပ်နည်းတွေ ပါဝင်ပါတယ်။ ကိုယ့်ဖုန်းက Root ဖြစ်မဖြစ်ကိုလည်း စစ်ဆေးလို့ရတဲ့ Root Checker Feature ပါဝင်ပါတယ်။ How to Root Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Android ဖုန်းကို root လုပ်တယ်ဆိုတာ ဘာလဲဆိုတာကို မေးတတ်ကြတယ်။ Android ဖုန်းတွေ စပေါ်ကာစ ကာလကတည်းက ဒီမေးခွန်းကို ဖုန်းအသုံးပြုသူတွေက အမြဲမေးလေ့ ရှိသလို ယခု မိုဘိုင်းဖုန်းတွေ အသုံးပြုမှု များပြားလာတဲ့ ကာလမှာလည်း မသိတဲ့ သာမန်အသုံးပြုသူတွေ အများအပြား ရှိနေပါသေးတယ်။
Android ဖုန်းကို Root လုပ်တယ်ဆိုတဲ့ အကြောင်း အကျဉ်းချုံးဖြေရရင်တော့ ကျွန်တော်တို့ ကွန်ပျူတာမှာဆိုရင် Administrator Account / Administrator Level နဲ့မှ ကွန်ပျူတာရဲ့ System/System File တွေကို စိတ်ကြိုက် ၀င်ရောက်ပြင်ဆင်နိုင်/ကလိနိုင်မှာဖြစ်ပါတယ်။ Android OS ဖုန်းမှာ Root လုပ်တယ် ဆိုတာကတော့ ခုနကပြောခဲ့သလိုပါပဲ။ ကွန်ပျူတာရဲ့ Admin Account/ Admin Level လိုပဲ Android OS ရဲ့ SuperUser Level / Admin Access ကို ရရှိအောင် ပြုလုပ်တာပါပဲ ။ အဲဒါကို Root လုပ်တယ် / Root Access ရရှိအောင် ပြုလုပ်တယ်လို့ခေါ်ပါတယ်။ Admin ဖုန်းရဲ့ System File တွေကို စိတ်ကြိုက်ဝင်ရောက် ပြင်ဆင်နိုင်/ကလိနိုင်သွား တာပေါ့။
သာမန် users တွေအနေနဲ့ ဖုန်းကို root လုပ်တယ်ဆိုတာ မြန်မာစာထည့်ဖို့လောက်လို့ပဲ သိကြတယ်။ တကယ်တော့ မြန်မာစာထည့်တယ် ဆိုတာဟာလဲ ဖုန်းရဲ့ System folder ထဲမှာရှိတဲ့ Font နဲ့သက်ဆိုင်သော ဖိုင်တွေကို ၀င်ရောက်ပြင်ဆင် ရတာဖြစ်လို့ Admin Access/Root Access (or) SuperUser Level မဟုတ်တဲ့ ဖုန်းတွေအနေနဲ့ မြန်မာစာထည့်သွင်းဖို့မဖြစ်နိုင်ပါဘူး ။ နောက်ပြီး ဖုန်းရဲ့ System Function တွေကို စိတ်ကြိုက်ပြင်ဆင်ပြီး သုံးချင်တာမျိုးတွေ ဆိုရင်လည်း System File တွေကိုဝင်ပြင် ရတာဖြစ်တဲ့အတွက် Admin Access/Root Access ရရှိထားဖို့လိုပါတယ်။ ဒီထက်ပိုပြီး အကျယ်သိချင်တယ် ဆိုရင်တော့ Wikipedia မှာ Android Root အကြောင်း အကျယ်တ၀င့် ရေးထားတာတွေ ရှိပါတယ်။ စိတ်ဝင်စားရင် ရှာဖွေဖတ်ကြည့်သင့် ပါတယ်။
ref;myanmarmobileapp.com
--------------------------------------