လူ့ဦးနှောက်ကဲ့သို့ အလုပ်လုပ်နိုင်သော Chip အသစ် တစ်ခုကို IBM ဖော်ထုတ်

လူ့ဦးနှောက် ကဲ့သို့ အလုပ် လုပ်နိုင်သော ပရိုဂရမ် များစွာ ရေးသွင်း ထားသော ချစ်ပ် (Chip) တစ်မျိုး ကို IBM က ဖော်ထုတ်လိုက်ပြီး ၄င်း ချစ်ပ်တွင် စမတ်ဖုန်း တစ်လုံးအား စူပါကွန်ပျူတာ ကဲ့သို့ စွမ်းအား ရှိစေမည့် အလားအလာ ရှိနေသည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

True North ဟု အမည် ပေးထားသော ၄င်းချစ်ပ် သည် လူ့ဦးနှောက်ကဲ့သို့ အချက်အလက် များကို စီစဉ်တကျ ဆောင်ရွက်နိုင်သည် ဟုဆိုသည်။

“လူ့ဦးနှောက် တည်ဆောက်ပုံ အလုပ်လုပ်ပုံတွေနဲ့ နီးစပ်အောင် ချစ်ပ်ကို ဆီလီကွန်နဲ့ ဒီဇိုင်းဆင်ထား တာပါ” ဟု IBM Research Fellow နှင့် လူ့ဦးနှောက်ကဲ့သို့ တွက်ချက်ဆောင်ရွက်မှု ဆိုင်ရာ ကွန်ပျူတာ သိပ္ပံပညာရှင် ဒါမင်ဒရာ မိုဒါက ပြောကြားခဲ့သည်။

၎င်းချစ်ပ်တွင် အစီအစဉ်ထည့်သွင်းနိုင်သော Neurons တစ်သန်း၊ Synapse ၂၅၆ သန်းနှင့် Neurosynaptic Core ၄၀၉၆ ရှိသည်ဟု ဆိုသည်။



Ref: Xinhua
Yangon Media Group
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...