ဂျာမနီက ထူးထူးဆန်းဆန်း လက်နပန်းသတ်ပွဲ
ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ လက်နပန်း သတ်ပွဲမှာ အကြိတ်အနယ် ပါဝင် ယှဉ်ပြိုင် ကစားနေတဲ့ သူနှစ်ဦး ပဲဖြစ်ပါတယ်။
အဆိုပါ လက်နပန်း သတ်ပြိုင်ပွဲ ကိုတော့ ဂျာမနီနိုင်ငံ Garmisch-Partenkirchen မှာ ပြုလုပ် ခဲ့တယ်လို့ သိရပြီး ယခုဆို (၅၅) ကြိမ်မြောက် တောင် ရှိခဲ့ပြီလို့ သိရပါတယ်။
ယင်းလက်နပန်း သတ်ပြိုင်ပွဲရဲ့ ပုံစံကတော့ ယှဉ်ပြိုင်သူနှစ်ဦး စလုံးဟာ မျက်နှာချင်းဆိုင် နေရမှာဖြစ်ပြီး ၄င်းတို့နှစ်ဦး ကြားတွင် စားပွဲခုံတစ်လုံး ထားရှိရပါတယ်။
ယှဉ်ပြိုင်သူနှစ်ဦးရဲ့လက်ချောင်းကြားမှာ ကွင်းတစ်ကွင်း ထားပြီး အဲဒီကွင်းကို သူ တစ်ပြန် ငါတစ်ပြန် ဆွဲရမှာပဲဖြစ်ပြီး ကွင်းဆွဲနိုင်တဲ့သူက ပြိုင်ပွဲမှာ အနိုင်ရရှိမှာပဲဖြစ်ပါတယ်။
ယင်းလက်နပန်း သတ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေအတွက် ကန့်သတ်ချက်တွေ ထားရှိတယ်လို့သိရပြီး အငယ်တန်း၊ အလတ်တန်းနဲ့ အကြီးတန်းဆိုပြီး ခွဲခြားထားတယ်လို့ သိရပါတယ်။
Ref: AFP

Yangon Media Group
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) လူ့ဦးနှောက်ကဲ့သို့ အလုပ်လုပ်နိုင်သော Chip အသစ် တစ်ခုကို IBM ဖော်ထုတ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) အခုထိ ပူနွေးဆဲ.. နှလုံးသားတစ်စုံ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...