Custom Recovery အကြောင်းနဲ့ ဘာကြောင့် အသုံးပြုသင့်သလဲ?
Custom Android ROM ကို သင့်ဖုန်းမှာ အင်စတော လုပ်ချင် သလား? တစ်နည်း အားဖြင့် Custom Android ROM များဟာ CyanogenMod လို Third-Party Android Operating System များ ဖြစ်ပါတယ်။ ဒီလို Custom Android ROM များကို အင်စတော လုပ်ရင် Custom Recovery ကိုပါ အင်စတော လုပ်ခိုင်း ပါလိမ့်မယ်။ Android Device အားလုံးမှာ Recovery Software ကို ထည့်သွင်း ပေးထား ပါတယ်။ အဲဒီ Recovery Software ဟာ Device ကို Factory Default Settings ကို Restore လုပ်ဖို့၊ Operating System ကို Update လုပ်ဖို့နဲ့ အခြားအလုပ် များ ပြုလုပ်နိုင် ပါတယ်။
Android Stock Recovery
------------------------------
Android Device များမှာ Stock Recovery လို့ ခေါ်တဲ့ Google ရဲ့ Recovery Software ပါရှိ ပါတယ်။ Recovery Software ကို အသုံးပြုဖို့ စမတ်ဖုန်း၊ တက်ဘလက်များ အတွက် သီးခြား ခလုတ်များကို အင်တာနက်မှာ ရှာဖွေပြီး နှိပ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းက ကွန်ပြူတာနဲ့ ဖုန်းကို ချိတ်ဆက်ပြီး ADB Command ကို အသုံးပြုခြင်းဖြင့် Recovery Software ကို သုံးနိုင်ပါတယ်။ Recovery Mode ထဲ ရောက်သွားရင် Menu ကနေ သင့်ဖုန်းကို Factory Default အခြေအနေကို ပြန်လည် ရရှိအောင် ပြုလုပ်နိုင်သလို ဖုန်းထုတ်လုပ် သူက ဖြန့်ချီပေးတဲ့ Android OS Update များကို ရရှိနိုင်ပါတယ်။ ROM အသစ်ကို Flash လုပ်ချင်ရင် ဒါမှမဟုတ် ထုတ်လုပ်သူရဲ့ နဂို ROM ကို ပြန်လည် Flash လုပ်ချင်ရင်လည်း Recovery Mode ထဲက ပြုလုပ်နိုင်ပါတယ်။
Stock Recovery မှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ Stock Recovery များဟာယေဘုယျအားဖြင့် ဖုန်းထုတ်လုပ်သူက ဖြန့်ချီပေးတဲ့ ROM များနဲ့ Updates များကိုသာရယူနိုင်တာပါ။ အခြား ROM များ ကိုတော့ အင်စတောမလုပ်ပေးနိုင်ပါဘူး။
Custom Recovery
----------------------
Custom Recovery ဆိုတာ Third-Party Recovery Software တစ်ခု ဖြစ်ပါတယ်။ Custom Recovery ကိုသင့်ဖုန်းမှာ Flash လုပ်ရင် နဂိုပါတဲ့ Stock Recovery နေရာမှာအစားထိုးအလုပ်လုပ်မှာပါ။ ဒါဟာ ဘာနဲ့ တူသလဲဆိုရင် CyanogenModလို Custom ROM ကို Flash လုပ်သလိုပါပဲ။ ဒါပေမယ့် Android Operating System တစ်ခုလုံးကိုပြောင်းလဲတာမဟုတ်ဘဲ Recovery Software ကိုသာပြောင်းလဲတာပါ။
Custom Recovery ဟာ Stock Recovery လိုပဲအလုပ်လုပ်မှာပါ။ ဒါပေမယ့် Custom Recovery မှာ စွမ်းဆောင်ချက်များပိုမိုပါရှိပါတယ်။ သူ့မှာဖုန်းကို Backup , Restore လုပ်နိုင်တဲ့ စွမ်းရည်ပါရှိပါတယ်။ နောက်ပြီး Custom ROM များကိုအင်စတောလုပ်ပေးနိုင်ပါတယ်။ ClockworkMod က Recovery Mode ထဲဝင်စရာမလိုဘဲ လက်ရှိသုံးနေတဲ့ Android System ကနေအဲဒီစွမ်းဆောင်ချက်တွေကိုသုံးနိုင်တဲ့ ROM Manager App ကိုတီထွင်ပေးထားပါတယ်။ အဲဒီ App ကိုသုံးဖို့ Custom Recovery ကိုအင်စတော လုပ်ထားရမှာပါ။
နာမည်ကြီး Custom Recovery များ
----------------------------------------
ClockworkMod Recovery (CWM) ဟာ NANDroid Backups များကို Create, Restore လုပ်နိုင်ပါ တယ်။ NANDroid Backups ဟာ Android Device ရဲ့ File System တစ်ခုလုံးကို Backup လုပ်တာပါ။ NANDroid Backup ပြုလုပ်နည်းကိုအရင်ဆောင်းပါးတစ်ပုဒ်မှာရေးပေးခဲ့ပြီးပါပြီ။ ClockworkMod က ClockworkMod Recovery ကနေ Custom ROM များကိုအင်စတောလုပ်နိုင်ဖို့ File Browser ပါရှိတဲ့ ROM Manager App ကို ပြုလုပ်ပေးထားပါတယ်။ App ကနေ Backup များကိုစီမံခန့်ခွဲနိုင်ပြီး Restore လုပ်နိုင်ပါတယ်။ သူ့မှာ Custom ROM များကိုစမ်းသပ်ချင်သူများအတွက် အသုံးဝင်တဲ့ အဆင့်မြင့် စွမ်းဆောင်ချက်များလည်းပါရှိပါတယ်။
Team Win Recovery Project (TWRP) က ထိတွေ့ အသုံးပြုနိုင်တဲ့ Recovery Software ဖြစ်ပါတယ်။ Volume နဲ့ Power ခလုတ်များကိုအသုံးပြုရတဲ့ Stock Recovery အပါအ၀င် အခြား Recovery Software များနဲ့ မတူတဲ့ အချက်က TWRP ဟာ On-Screen Button များကိုထိတွေ့ အသုံးပြုရတဲ့ User Interface ကိုအသုံးပြုထားတာပါ။ TWRP မှာ Themes များကိုတောင် ရွေးချယ်နိုင်ပါတယ်။ CWM လိုပဲ TWRP ဟာ Stock Recovery မလုပ်ပေးနိုင်တဲ့ Custom ROM များကိုအင်စတောလုပ်ဖို့နဲ့ Backup လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များပါရှိပါတယ်။
CWM နဲ့ TWRP ကတော့ နာမည်အကြီးဆုံး Custom Recovery နှစ်ခုပါ။ အချို့ Device များအတွက် Custom Recovery များလည်း ရှိပါတယ်။
Custom Recovery ကို ဘယ်အချိန်၊ ဘာ့ကြောင့် အင်စတော လုပ်ရသလဲ?
Custom Recovery များဟာ လက်ရှိသုံးနေတဲ့ Stock ROM ကို Backup , Restore လုပ်နိုင်ပြီး ROM များကို Flash လုပ်ပေးနိုင်တဲ့ အတွက် Custom ROM များကို အင်စတောလုပ်ရင် အလွန်အသုံးဝင် ပါတယ်။ Custom Recovery ကို အင်စတော လုပ်ဖို့ သင့် ဖုန်းရဲ့ Bootloaderကို Unlock လုပ်ရမှာပါ။
Android မှာ Device တစ်ခုလုံးကို Backup လုပ်နိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပေမယ့် လျှို့ဝှက်ပြီး ကွန်ပြူတာ ကနေ ADB Command ကိုသုံးရတာပါ။ ဒီနည်းကိုသုံးရင် သင့်ဖုန်းရဲ့ Bootloaderကို Unlock လုပ်စရာ မလိုသလို Root လုပ်ထားစရာလည်း မလိုပါဘူး။ ဒီနည်းလမ်းကို အရင်တုန်းက ဆောင်းပါး တစ်ပုဒ်မှာရေးပေး ခဲ့ပြီးပါပြီ။
Custom ROM များကို စမ်းသပ် အသုံးပြုချင်ရင် ဒါမှမဟုတ် Android System တစ်ခုလုံးကို Backup လုပ်ချင်ရင် Custom Recovery ကိုအင်စတောလုပ်ပါ။ Custom ROM များကို အင်စတော မလုပ်ခင်မှာ လည်း Custom Recovery ကိုအရင် အင်စတောလုပ်ရလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း Custom Recovery ကို အမြဲတမ်းသီးခြား အင်စတော လုပ်ဖို့ မလိုပါဘူး။ ဥပမာအားဖြင့် CyanogenMod Installer App ကနေCyanogenModကိုအင်စတောလုပ်ရင် ClockworkMod Recovery ကို အလို အလျှောက် အင်စတောလုပ်ပါလိမ့်မယ်။ အခြား Custom ROM များကိုအင်စတောလုပ်ရင်လည်း Custom Recovery ကိုအင်စတောလုပ်ဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။ Custom ROM များကိုမသုံးချင်ဘဲ Stock Android System ကိုသုံးချင်သူများအတွက် စွမ်းဆောင်ရည်မြင့် Backup Feature ကိုသာ သုံးချင် ရင်လည်း Custom Recovery ကိုအင်စတောလုပ်နိုင်ပါတယ်။
ယေဘုယျအားဖြင့် Custom Recovery များဟာ Custom ROM များကို အင်စတော လုပ်မှသာ လိုအပ် ပါတယ်။ Android အသုံးပြုသူအများစုက Stock Recovery နဲ့ Custom Recovery ရဲ့ ကွာခြားချက်ကို မသိကြတဲ့အတွက် ရေးသားပေး လိုက်ပါတယ်။

ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook