အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦး Ecstasy မူးယစ်ဆေး သုံးပြီး သေဆုံး

စကော့တလန်က အသက် ၁၆ နှစ်သာရှိသေးတဲ့ ကျောင်းသူလေး Jodie Muir ဟာ ပါတီတစ်ခုမှာ ecstasy ဆိုတဲ့ မူးယစ်ဆေးဝါး တစ်မျိုးကို သုံးစွဲခဲ့ပြီး အိမ်ပြန်လာခဲ့ရာ နေထိုင်မကောင်း ဖြစ်လာပြီး နာရီအနည်းငယ် အကြာမှာပဲ သေဆုံး သွားခဲ့ပါတယ်။

Jodie Muir ရဲ့ မိခင်ကတော့ သူမရဲ့သမီးဟာ မူးယစ်ဆေးဝါး သုံးစွဲလို့ သေဆုံးခဲ့တာ မဟုတ်ပဲ ကြုံတောင့်ကြုံခဲ နှလုံးရောဂါ တစ်မျိုးဖြစ်တဲ့ Long QT Syndrome ကြောင့်သေဆုံးခဲ့ ရတာဖြစ် တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကတော့ ယင်းသေဆုံးမှုဟာ မူးယစ်ဆေးဝါး ကြောင့်သာ ဖြစ်တယ်လို့ ကောက်ချက်ချ ထားပြီး အသေးစိတ် စစ်ဆေးမှုတွေထပ် လုပ်သွားမယ်လို့ဆိုပါတယ်။ ရဲတပ်ဖွဲ့ က Ecstasy လို့ အမည်ရတဲ့ မူးယစ်ဆေးဝါး အပါအ၀င် မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ဟာ လူထုကြားမှာ တဖြည်းဖြည်း မြင့်တက်လာနေတဲ့ အကြောင်းများကို ပြည်သူတွေကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Jodie Muir သွားရောက်ခဲ့တဲ့ ပါတီမှာ ရှိနေခဲ့တဲ့သူတွေကိုလည်း ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။



ယင်းEcstasy ဆိုတဲ့ မူးယစ်ဆေးဝါးဟာ ပါတီတွေမှာ ပိုမို ကခုန်လို့ကောင်းဖို့ အတွက် သုံးစွဲကြတဲ့ မူးယစ်ဆေး တစ်မျိုးဖြစ်ပါတယ်။ သေဆုံးသူ Jodie Muir ဟာ သောကြာနေ့ည စကော့တလန် နိုင်ငံ Lanarkshire ပြည်နယ် ၊ Rutherglen မြို့မှာပြုလုပ်တဲ့ လူအယောက်၅၀ ကျော်ဆင်နွှဲခဲ့တဲ့ ဟောက်စ်ပါတီ တစ်ခုမှာ ယင်းမူးယစ်ဆေးဝါးကို သုံးစွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။


Ref:dailymail.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...