HTC One M8 ၀င်းဒိုးဖုန်းကို ကြေညာ

HTC ၏ စွမ်းဆောင်ရည်မြင့် One M8 Android Phone ၏ အမွှာ ၀င်းဒိုးဖုန်းကို ကြေညာလိုက်ပါ သည်။ ဒီဇိုင်းနှင့် Specifications များတူညီပြီး Operating System သာကွဲပြားပါသည်။

ယခုအချိန်တွင် HTC One M8 Windows Phone ကို Verizon မှ အွန်လိုင်းမှာသာမက အရောင်း ဆိုင်များမှာလည်း ရောင်းချပေးနေပါသည်။

HTC One M8 for Windows ဟု အမည်ပေးထားပြီး ငါးလက်မ 1080p Display နှင့် အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် BoomSound Speakers များပါရှိပါသည်။ Snapdragon 801 Chipset တပ်ဆင်ထားသည့်အတွက် အလျှင်မြန်ဆုံး Windows Phone 8.1 Device ဖြစ်လာပါသည်။ Lumia 930 တွင် Snapdragon 800 ကိုသာ အသုံးပြုထားကြောင်း နှိုင်းယှဉ်သိရှိရ ပါသည်။ 2GB RAM, 32GB Storage, MicroSD Card Slot ပါရှိပါသည်။

အနောက်ဘက်တွင် 4MP UltraPixel Camera နှင့် Special Effect များအတွက် နောက်ထပ် ကင်မရာ တစ်လုံးကို တပ်ဆင်ထားပါသည်။ အဓိက ကင်မရာသည် HDR စွမ်းဆောင်ချက်ဖြင့် 1080p Video များကို ရိုက်ကူးနိုင်ပါသည်။ အရှေ့ဘက်တွင် 5 MP Camera ကိုတပ်ဆင်ထားပါသည်။ Windows Phone 8.1.1 ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။

Cortana ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါရှိသည့်အပြင် သတင်းများနှင့် လူမှုကွန်ရက်များမှ ပို့စ်များကို Home Screen တွင် ပြသပေးသော BlinkFeed ပါရှိပါသည်။ စမတ်ဖုန်းကို TV Remote Control အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

4G LTE, WiFi a/b/g/n/ac , Bluetooth 4.0, NFC ဆက်သွယ်မှုများကို သုံးနိုင်ပါသည်။ Microsoft Project My Screen စွမ်းဆောင်ချက်ဖြင့် ဖုန်း၏ မျက်နှာပြင်ကို ၀င်းဒိုးကွန်ပြူတာမှ ကြည့်နိုင်ပြီး အလုပ်များ ပြုလုပ်နိုင်ပါသည်။

HTC One M8 for Windows ကို ကနဦး ပေးချေငွေ ဒေါ်လာ တစ်ရာဖြင့် ၀ယ်ယူနိုင်သကဲ့သို့ Verizon Edge Program ဖြင့် ၀ယ်ယူလျှင် တစ်လလျှင် ဒေါ်လာ သုံးဆယ် ပေးသွင်းနိုင်မည် ဖြစ်သည်။


ref;https://www.facebook.com/MyanmarDigitalLife
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...