ဦးခေါင်းထက်ပိုကြီးတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ထားတဲ့ ကလေးငယ်

အေသင်အောင်

အိနိ္ဒယနိုင်ငံမှာရှိတဲ့ အသက် ရှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးဟာ ဦးခေါင်းထက် ပိုကြီးတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ထားတာမို့ အထူးအဆန်း အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ 

ကာလန်အမည်ရ ကလေးငယ်ရဲ့ လက်ဟာ သာမန် ရှိရမယ့် လက်ထက် နှစ်ဆနီးပါးကြီး နေပြီး လက်တစ်စုံရဲ့ အလေး ချိန်ဟာ (၂၈) ပေါင်ကျော် အထိ ရှိနေပါတယ်။ ကာလန်ရဲ့ မိခင်ဖြစ်သူ အသက် (၂၇) နှစ် အရွယ် ဟာလီမာက သားဖြစ်သူဟာ မွေးကတည်းက ထူးထူး ခြားခြား ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ လက်တစ်ဝါးရဲ့အရွယ်ဟာ လက်ခလယ် အဆုံးအထိ တိုင်းတာပါက (၁၃) လက်မအထိ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကာလန်ဟာ ဘ၀ကို ဖြတ်သန်းရာမှာ ပြဿနာများစွာ ကြုံ တွေ့နေရပါတယ်။ ပုံမှန်မဟုတ်တဲ့ လက်ကို ပိုင်ဆိုင်ထားတာမို့ ကျောင်းတက်ခွင့်လည်း မရခဲ့ပါဘူး။ ကာလန်က ကျွန်တော် ကျောင်းကို သွားလို့မရပါ ဘူး။ ဆရာမက ကျွန်တော့် လက်ကို အခြား ကျောင်းသားတွေ ကြောက်ရွံ့နေတယ်လို့ ပြောခဲ့ ပါတယ်။ ကျွန်တော့်ရဲ့ အချိုးမကျတဲ့ ဒီလက်တွေကြောင့် ဘ၀ကို ဖြတ်သန်းရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အင်္ကျီ၊ ဘောင်းဘီ ၀တ်ရာမှာ အခက်အခဲ တွေတွေ့နေရပါတယ်။ ကျွန်တော့်ရဲ့ လက်တွေကို ဆရာဝန်က ခွဲစိပ်ကုသပေးမလားဆိုတာ မသိရပါဘူး။ ကျွန်တော့်ကို ဆေးကုမှု ပေးခဲ့ရင် လက်ခံသွားဖို့ အဆင်သင့်ပါ ပဲ လို့ ပြောခဲ့ပါတယ်။ ကာလန်ရဲက မိဘတွေဟာ တစ်လကို လုပ်ခ လစာပေါင် (၁၅) ခန့်သာရှိတာမို့ ဆေးကုသမှုပေးဖို့ မတတ်နိုင်ကြပါဘူး။ ကာလန်ကို ကျောင်းထားဖို့ မိဘတွေက စီစဉ်ခဲ့ပေမယ့် စာရေးရာ မှာ အခက်တွေ့နေရခြင်း၊အခြားကျောင်းသားတွေ ကြောက်ရွံ့နေခြင်းစတာ တွေကြောင့် ကျောင်းအုပ် ဆရာကြီးက လက်ခံခြင်း မရှိဘူးလို့ သိရပါတယ်။ ဒေသတွင်း ဆေးရုံတစ်ရုံမှ ဆရာဝန် ရာတန်က ကာလန်ရဲ့ လက်ဟာ ထူးခြားနေပြီး ဆေးပညာလောကမှာ မတွေ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အိနိ္ဒယက ဆရာဝန်တွေဟာ ကာလန်ရဲ့ လက်တွေဟာရောဂါတစ်ခုခုကြောင့် အဆ မတန် ကြီးထွားနေတာလို့ ယူဆထားကြပြီး အဖြေရှာသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...