iPhone ကို လက်ကမချတဲ့ ချစ်သူကို ဒေါသထွက်ပြီး မြေအောက် ဘူတာရုံတစ်လျှောက် တရွတ်တိုက်ဆွဲခဲ့

သူတန်ဖိုးထားရတဲ့ ဖုန်းကို လက်ထဲကမချတဲ့ ကောင်လေးကို စိတ်တိုနေတဲ့ ကောင်မလေးက သူ့ရဲ့ ဖုန်းကနေကိုင်ပြီး တရုတ်ပြည်ရဲ့ မြေအောက် ရထားလမ်းကို ဖြတ်ကာ တရွတ်တိုက် ဆွဲခေါ်သွားတဲ့ အဖြစ်ဖြစ်ခဲ့ပါတယ်။

ခရီးသွားတွေ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အဲဒီ့ကောင်မလေးက သူ့ချစ်သူကို ချက်ချင်းပဲ ဒေါသထွက်ပြီး ထိုင်ခုံကနေဆွဲချပြီး ဘေဂျင်းမြို့မြေအောက် ရထားလမ်းကနေ ဆွဲထုတ် ခဲ့တာဖြစ်ပါ တယ်။

သူ့ကို တံခါးပေါက်ကနေ ဖြတ်ပြီး ဆွဲထုတ်ခဲ့ပေမယ့် သူ့မျက်လုံးတွေကတော့ iPhone မှာပဲရှိနေခဲ့ပါ တယ်။

အဲဒီ့ပြသနာက ဘူတာရုံရောက်တဲ့အထိ ဆက်ဖြစ်နေသေး တာဖြစ်ပြီး ကောင်မလေးက ဖုန်းကိုကိုယ်ပြီး သူမရဲ့ကောင်လေးကို မြေကြီးကနေ တရွတ်တိုက် ဆွဲခေါ်လာခဲ့တဲ့ အခါ ဘေးကရပ်ကြည့်သူတွေ အံ့အား သင့်ခဲ့ရပါတယ်။

တစ်နေရာအရောက်မှာ ကောင်မလေးက ကောင်လေးနဲ့ဖုန်းကို ခွဲခြားဖို့အတွက် ကောင်လေးရဲ့မေးရိုးကို ခြေထောက်နဲ့တက်နင်းခဲ့ပေမယ့် ကောင်လေးက ဖုန်းကိုလက်က ချဖို့ငြင်းဆန်ခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ သူမက သူ့ကို အခြားအတွဲတစ်တွဲပေါ်ကိုဆွဲခေါ်သွားပါတယ်။

ဒီဖြစ်ရပ်က အရမ်းဒေါသ တကြီးဖြစ်နေခဲ့တဲ့ အတွက် အများက ဒါကို မိုဘိုင်းဖုန်း ကုမ္ပဏီတစ်ခုရဲ့ စတန့်ထွင်မှု တစ်ခုလို့ ထင်ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကို ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ခဲ့ သူတွေကတော့ ဒါဟာ လုပ်ဇာတ်မဟုတ်ကြောင်း အသေအခြာပြောဆို ကြပါတယ်။





Ref:dailymail.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...