iTune app store ရဲ့ နံပါတ်(၁) နေရာမှာရှိနေတဲ့ Tom Hanks ရဲ့ Typewriter App

Tom Hank က လူကြိုက်အများဆုံး Ipad app ကို သူ့ရဲ့အောင်မြင်မှု စာရင်းမှာ မှတ်တမ်းဝင်အောင် ဖန်တီးနိုင် ခဲ့ပါပြီ။ အော်စကာဆုရ ရုပ်ရှင် မင်းသား ရဲ့ Hanx Writer app ဟာ iPad အတွက်ပြုလုပ် ထားတဲ့ iTune app store မှာ နံပါတ်(၁) နေရာ ရရှိသွားပါတယ်။

သြဂုတ်လ(၁၄) ရက်နေ့မှာ စတင်ရောင်းချခဲ့တဲ့ Hanx Writer ရဲ့ အသွင်သဏ္ဍာန်နဲ့ လက်ဖြင့်တို့ထိ မျက်နှာပြင်ဟာ ရှေးဟောင်းလက်နှိပ်ပုံစက်တွေနဲ့ တစ်ပုံစံတည်းဖြစ်ပြီး စာကြောင်းတစ်ကြောင်း ရိုက်ပြီးတိုင်း ခေါင်းလောင်းသံလေးနဲ့ အဆုံးသတ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်နှိပ်စက်တွေနဲ့ မတူတာက ဒီဗားရှင်းမှာ အလွယ်တကူပြန်ဖျက်လို့ ရတဲ့ ( delete key) တစ်ခုဝင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ စိတ်ကြိုက် အရောင်၊ စာသားနဲ့ ပုံစံ အမျိုးမျိုးနဲ့ ဝယ်ယူလို့ ရနိုင်တယ်ဆိုပေမယ့် ဒီ app ကိုတော့ အခမဲ့အဖြစ်လည်း ရယူနိုင်ပါတယ်။

App ရဲ့ ပထမဆုံး မျက်နှာပြင် welcome screen မှာHanks က “လက်နှိပ်စက်တစ်လုံးကို ထိတွေ့ကိုင် တွယ်ရတာနဲ့ နှိပ်လိုက်ရင်ထွက်လာတဲ့ အသံကို ကြားရတာဟာ ဘာနဲ့မှမတူအောင် စိတ်ကျေနပ်မှု ရစေတာကြောင့် စာလုံးတွေကို မလိုအပ်တာထက် ပိုရိုက်နိုပ်မိတာ၊ မှားယွင်းတဲ့ စကားလုံး၊ စကားစု တွေနဲ့ စာလုံးသတ်ပုံအမှားတွေ ဂရုမစိုက်မိပဲ စာရိုက်မိတာ အခုချိန်ထိပါပဲ" လို့ ဆိုပြီး သူလက်နှိပ်စက် တွေကို စုဆောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦး ဘယ်လိုဖြစ်လာခဲ့တဲ့အကြောင်း ရှင်းပြသွားပါတယ်။ 


Source: TIME
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...