ကလေးရရင် ယူလိုက်တော့မယ်လို့ ဆိုလာတဲ့ အကယ်ဒမီ သက်မွန်မြင့်

အိမ်ထောင် ကျသွားမှ ဇာတ်ကားတွေ အထွက် ကျဲနေတယ်လို့ ပရိသတ်တွေ ခံစားနေရတဲ့ မင်းသမီး သက်မွန်မြင့်ဟာ သူမရဲ့ သရုပ်ဆောင် အလုပ်နဲ့ ပတ်သက်ပြီး ပုံမှန်ဇာတ်ကားတွေ ရိုက်ကူး နေဆဲလို့ ဖွင့်ဟသွားပါတယ်။ အိမ်ထောင် ကျပြီးသွားပြီးတဲ့နောက် အခက်အခဲရယ်လို့ ကြီးကြီးမားမား မရှိခဲ့ပေမယ့် ယောင်နောက် ဆံထုံးပါခဲ့ရသူမို့ သူမကြုံတွေ့ရတဲ့ အခက်အခဲ တစ်ချို့ကတော့ “ကိုယ့်ရဲ့ အ၀တ်အစားတွေ အသုံးအဆောင်တွေက ကိုယ့်အိမ်မှာ ဆိုတော့ ညီမနဲ့ အမေ က ရှုတင်ကို လာပြီး လာပို့ပေးရတာ မျိုးလေးတွေရှိတယ်။ အရင်က ရှုတင်ပြန်ချိန်ကတော့ ၁၀နာရီ ဆိုတော့ နောက်နေ့အတွက် အ၀တ်အစားတွေ ဆက်စီစဉ်နေလိုက်တယ်။ ၁ နာရီ ၂ နာရီမှ အိပ်ဖြစ် တယ်။ ခုက အိမ်ပြန်ချိန်၁၀နာရီဆို ကိုယ့်အိမ်ကို လဲမ၀င်နိုင်တော့ဘူး။ အမျိုးသားအိမ်ပဲ တန်းပြန်တာ ဆိုတော့လေ။ ပြင်ဆင်ချိန် နည်းနည်းလျော့သွားတော့ အချိန် ရရင်ရသလို ကိုယ့်အိမ်မှာ သွားစီစဉ်ဖြစ် တယ်။ အဲဒါလေးပဲ အခက်အခဲဖြစ်တာပါ။ ကျန်တာက သိပ်မရှိပါဘူး။” လို့ သူမက ပြောပါတယ်။

ရင်သွေးယူဖို့နဲ့ ပတ်သတ်ပြီးတော့လဲ သူမက “နှစ်ယောက်လုံးကတော့ ကလေးချစ်တတ်ပါတယ်။ ကလေးမြင်ရင် ချီချင်တယ်။ ကလေးတွေကလဲ ကိုယ့်ကိုချစ်တယ်။ ကိုယ်ကလဲ ကလေးနဲ့ပြိုင်ပြီးဆော့ တယ်။ ဒါပေမဲ့ ကိုယ်တကယ်ယူဖို့ကျတော့ ကိုယ်က ဒီအလုပ်ကိုလဲ လုပ်ချင်သေးတယ်။ အချိန် တအား ပေးရတယ် ဆိုတော့လေ။ ဒီကလေးကို ဂရုမစိုက်နိုင်မှာလဲ စိုးတယ်။ ယူလိုက်ရင် ဒီအလုပ်က နားထား ရမယ်။ နည်းနည်းတော့ အခက်အခဲဖြစ်တယ်။ ဒါပေမဲ့ အသက်အရွယ်ကလဲ စကားပြောတော့ လိုတော့ လိုချင်ပါတယ်။ ရရင်တော့ ယူမယ်ပေါ့နော်”တဲ့။

သက်မွန်မြင့်ဟာ ခုလက်ရှိ “အမုန်းဘုရင်မ”ဆိုတဲ့ ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ရိုက်ကူးနေတယ် လို့ သိရပါတယ်။


Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...