Justin Bieber ရဲ့ ကျေးဇူးကြောင့် လူတစ်ဦး ၀က်ဝံတိုက်ခိုက်မှု အသက်ဘေးက လွတ်မြောက်

ရုရှား ဖက်ဒရယ် လက်အောက်ခံ နိုင်ငံမြောက်ပိုင်းက Yakutia Republic မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အသက် ၄၂ နှစ်ရှိ Igor Vorozhbitsyn ဟာ ငါးမျှားသွားတုန်း ၀က်ဝံညှိ တကောင်က အသက် အန္တရာယ် စိုးရိမ် ရလောက် တဲ့ ရန်လို တိုက်ခိုက် မှုပြုတာ ခံခဲ့ရတယ်။

သူ့ကိုယ်သူ သေလူလို့ တွက်လိုက်ပြီ ဖြစ်တယ်။ ၀က်ဝံက သူ့ကို ကုတ်ခြစ် နေတုန်းမှာ Igor ရဲ့ လက်ကိုင်ဖုန်း မြည် လာတယ်။ Ring Tone ကတော့ Justin Bieber ရဲ့ နာမည် ကြီး သီချင်းဖြစ်တဲ့ Baby ပါပဲ။ သီချင်းသံ အကြားမှာ ၀က်ဝံ က ရုတ်တရက် နောက်လှည့်ပြီး တောအုပ်ထဲ ၀င်ပြေး သွားပါတော့တယ်။

သားရဲ တရိစ္ဆာန်ဆိုင်ရာ ကျွမ်းကျင် သူများက Baby သီချင်း ring tone က ၀က်ဝံကို အထိတ်တလန့် ဖြစ်စေခဲ့တာလို့ ယုံကြည်ကြပါတယ်။

“ကျနော့် ကံကြမ္မာက မယုံနိုင်အောင် ပါပဲ၊ ဖုန်သံလဲ မြည်ရော ဒီကောင်ကြီး တခါထဲ ထွက်ပြေးသွား တာပဲ” “ဒီလို ဖုန်းမြည်သံဟာ လူတိုင်းအကြိုက် မဟုတ်မှန်း သိပါတယ်၊ ဒါပေမယ့် ကျနော့် မြေးမလေးက နောက်ပြီး ထည့်ပေးထားတာ” လို့ Igor က ပြောပါတယ်။

ကမ္ဘာတလွှား ပရိသတ် သန်းချီရှိပေမယ့် ဒီဝက်ဝံကတော့ Justin Bieber သီချင်းကို မခံစားနိုင်တာ သေချာပါတယ်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...