အမျိုးသားများ မျက်နှာပူခြင်းကို အိပ်မွေ့ချခြင်းအားဖြင့် သက်သာစေနိုင်
မျက်နှာ၊ လည်ပင်း တွေမှာ ပူ လောင်တဲ့ ခံစားမှုကို ရခြင်းဟာ သွေးဆုံးခါနီး အမျိုးသမီးတွေ အဖြစ်များ တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား များမှာလည်း ဟော် မုန်းပြောင်းလဲမှုတွေ မူမမှန်ရင် အဲဒီပြ ဿနာကို ခံစားရနိုင် ပါတယ်။
ဒီလိုမျက်နှာပူခြင်းကို အိပ်မွေ့ချ အကြောလျှော့ ကုထုံးတစ်ရပ်က သက်သာ စေနိုင်ကြောင်း Baylor’s ကောလိပ်မှ စိတ်ပညာရှင် Dr.Gary Elkins နဲ့အဖွဲ့က လေ့လာနိုင် ခဲ့ပါတယ်။ အမျိုးသားများမှာ ဟော် မုန်းဆိုင်ရာ ရောဂါများဖြစ်တဲ့ ဆီးချို သွေးချိုရောဂါ၊ အမျိုးသား ဟော်မုန်း ရောဂါတွေမှာဆိုရင် သွေးဆုံးကိုင် အမျိုးသမီးတွေလိုပဲ ပူလောင် စပ်ဖျင်း ဖျင်း ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ဒီလေ့လာမှုမှာပါဝင်တဲ့ အိပ်မွေ့ချကု ထုံးကိုhypnotic relaxation therapyလို့ ခေါ်ဆိုပါတယ်။ ပါဝင် သူအမျိုးသားများဟာ စိတ်ပညာရှင် များက အိပ်မွေ့ချ ပေးခဲ့ပြီး ကုသမှုကို ခံယူပြီးနောက်မှာ မျက်နှာပူစပ်ပူ လောင်ဖြစ်တဲ့ ဝေဒနာများ ထက်ဝက် ခန့် လျော့ကျ သွားကြောင်း သက်သေ ပြနိုင်ခဲ့ပါတယ်။ အဆိုပါပြဿနာများ ကို သက်သာစေတဲ့ ဟော်မုန်းအစားထိုး ကုသမှုများ ရှိနေပေမယ့်လည်း အရိုးကျန်းမာရေး ထိခိုက်နိုင်မှု၊ အူမကြီးကင်ဆာ ဖြစ်နိုင်ချေ မြင့်တက်နိုင် မှုတွေ ရှိနေပါတယ်။ ဆေးဝါးလည်း သောက် စရာမလိုတဲ့ ဒီကုသမှုဟာ မျက်နှာပူ ခြင်းအတွက် ရွေးချယ် စရာ နည်းလမ်းကောင်းတစ်ခု ဖြစ်လာနိုင် ကြောင်းDr Gary Elkinsက သုံး သပ်ထားပါတယ်။
ငြိမ်းအေး
ref;ANI

Health Updates Journal No.(128)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook