SIM Card အသုံးပြုနိုင်သော Samsung Gear Solo စမတ်နာရီကို စက်တင်ဘာလတွင် ကြေညာမည်

Samsung က စက်တင်ဘာလတွင် ကျင်းပမည့် ဘာလင် IFA Show ၌ Gear Solo စမတ်နာရီကို Galaxy Alpha , Galaxy Note 4 စမတ်ဖုန်း များနှင့် အတူ ကြေညာမည်ဟု သတင်း ထွက်ပေါ် နေပါသည်။ Gear Solo တွင် SIM Card အသုံး ပြုနိုင်မည် ဖြစ်သဖြင့် ယခင် စမတ်နာရီများကဲ့သို့ ဖုန်းနှင့် ချိတ်ဆက်ရန် မလိုဘဲ ဖုန်းပြောနိုင် ၊ အင်တာနက် သုံးနိုင်မည် ဖြစ်သည်။ 

Samsung က Android အသုံးပြု Galaxy Gear ပထမမျိုးဆက်ကို မိတ်ဆက်ခဲ့ပြီး ဖြစ်ပါသည်။ Google က စမတ်နာရီများအတွက် Android Wear OS ကို တီထွင်ပြီးနောက်တွင် Samsung က Gear စမတ်နာရီ မျိုးဆက်သစ်များတွင် သူ၏ ကိုယ်ပိုင် Tizen OS ကို ပြောင်းလဲ အသုံးပြုခဲ့ပါသည်။ Gear Solo တွင် မည်သည့် မောင်းနှင်လည်ပတ်စနစ်ကို အသုံးပြု မည်ဆိုသည်ကို မသိရသေးပါ။

Gear Solo သည် ဖုန်းပြောဆိုရန်နှင့် အင်တာနက် အသုံးပြုနိုင်ရန် စမတ်ဖုန်းနှင့် ချိတ်ဆက်ရသည့် အလုပ်ရှုပ်မှုကို ဖယ်ရှားပေးမည် ဖြစ်သည်။ Gear Solo တွင် GPS ပါရှိမည်ဟု မျှော်လင့်ရပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်းများကို တိုင်းတာနိုင်မည်ဖြစ်သည်။

ယခင်ထွက်ပေါ်ခဲ့သော သတင်းများအရ Gear Solo ကို ကိုရီးယားတွင်သာ ရောင်းချမည်ဟု သိရ သော်လည်း ဘာလင် IFA Show တွင် ကြေညာမည်ဆိုလျှင် ဥရောပတွင် ရောင်းချနိုင်သည်ဟု ကျွမ်းကျင် သူများက သုံးသပ်ပါသည်။

Berlin IFA Show ကို စက်တင်ဘာလ သုံးရက်တွင် ကျင်းပမည် ဖြစ်သည်။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...