သင့်ရဲ့ WiFi ကို ခိုးသုံးနေ သူများကို ရှာဖွေ စစ်ဆေးနည်း

တစ်ခါ တစ်လေမှာ WiFi Password ဟာ သင့်ရဲ့ အင်တာနက် ကွန်နက်ရှင်ကို အခြားသူများ ခိုးယူ သုံးစွဲခြင်းမှ အပြည့်အ၀ ကာကွယ်ပေးနိုင် ခြင်းမရှိ ပါဘူး။ ၀က်ဆိုက်များ၊ ဗီဒီယိုများ ကြည့်တဲ့ အခါနဲ့ ဖိုင်ပေးပို့ ရယူမှုများ ပြုလုပ်တဲ့ အခါမှာ အရင်လို မြန်ဆန်ခြင်း မရှိတော့ဘဲ နှေးကွေး လာရင်တော့ သင့်ရဲ့ WiFi ကို အခြားသူများက ခိုးယူသုံးစွဲ နေတာ ဖြစ်နိုင်ပါတယ်။
သင့် WiFi ကို အခြားသူများ ခိုးယူသုံးစွဲ နေသလား ဆိုတာကိုသိနိုင်ဖို့ နည်းလမ်းများ ရှိပါတယ်။
App ကို အသုံးပြုနည်း
------------------------
အဆင့် ၁
Who Is On My WiFi ကို အောက်ကလင့်ကနေ ဒေါင်းလုပ်ရယူပြီး သင့်ကွန်ပြူတာမှာ အင်စတော လုပ်ပါ။
http://goo.gl/bNsgfL
အဆင့် ၂
App ကိုဖွင့်ပြီးရင် Tutorial ကို ပြသပေးမှာ ဖြစ်ပြီး Network ကို Scan လုပ်ပေးပါလိမ့်မယ်။
Scan လုပ်မယ့် Port Range ကိုသတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ Settings တွေကို ပြုပြင်စရာ မလိုဘဲ WiFi ခိုးသုံး နေသူတွေကို ရှာဖွေနိုင်ပါတယ်။ Scan လုပ်ပြီးရင် IP Address တွေကို App က ပြသပေးပါလိမ့်မယ်။ Network မှာ ချိတ်ဆက်နေတဲ့ Device တစ်ခုချင်းစီကို MAC Address နဲ့ IP Address များနဲ့ ခွဲခြား ပြသထားတာပါ။
အဆင့် ၃
ဒီအဆင့်မှာတော့ သင်မသိတဲ့ Device တွေကိုရှာဖွေ စစ်ဆေးရမှာပါ။ အပေါ်က ပုံမှာလို Device များစွာ ချိတ်ဆက် နေတယ်ဆိုရင် သင့်ရဲ့ Device တွေကို လွယ်ကူစွာ ခွဲခြားသိနိုင်ဖို့ နာမည် သတ်မှတ် ပေးရ မှာပါ။ အလွယ်ဆုံး နည်းလမ်းကသင့်ရဲ့ Device အားလုံးကို WiFi ပိတ်ပါ။ ပြီးမှ တစ်ခုချင်းစီကို WiFi ဖွင့်ပြီး Network နဲ့ ချိတ်ဆက်ပါ။ သင့်ရဲ့ Device ကို App မှာ ပြသရင် Description Box မှာ ကလစ် တစ်ချက်နှိပ်ပြီး နာမည်ကို ရိုက်ထည့်ပေးပါ။ Known/Unknown ကဏ္ဍမှာ Known အဖြစ် သတ်မှတ်ပြီး ညာဘက် အပေါ်ထောင့်မှ Save Changes ခလုတ်ကို နှိပ်ပါ။ သင့် Device တွေရဲ့ IP နဲ့ MAC Address တွေကို ရှာတတ်တဲ့ သူဆိုရင်လည်း အဲဒီ Address တွေကို ကြည့်ခြင်းဖြင့် Device တွေကို နာမည် တပ်နိုင်ပါတယ်။ ဥပမာအားဖြင့် Android Device မှာချိတ်ဆက်နေတဲ့ WiFi Network ကို နှိပ်ခြင်းဖြင့် IP Address ကို သိနိုင်ပါတယ်။
အဆင့် ၎
သင့်ရဲ့ Device တွေကို နာမည်ပေးပြီးရင်တော့ WiFi ခိုးသုံးနေသူတွေကို App မှာ ထင်ရှားစွာ မြင်တွေ့နိုင် ပါပြီ။ App ရဲ့ ဘယ်ဘက်ထောင့်စွန်းမှ Block ကဏ္ဍမှ Checkbox မှာ အမှန်ခြစ်ပေးပြီး ခိုးသုံးသူတွေရဲ့ Device တွေကို Block လုပ်နိုင်ပါတယ်။ ခိုးသုံးသူတွေက သင့်ရဲ့ WiFi Password ကို သိပြီး ဖြစ်တဲ့အတွက် သူတို့ရဲ့ အခြား Device တွေကနေ သင့်ရဲ့ WiFi ကို ခိုးသုံးနိုင်ပါသေးတယ်။ အဲဒီအတွက် သင့်ရဲ့ WiFi Password ကိုပြောင်းလဲမှသာ လုံခြုံစိတ်ချရမှာပါ။
Router ကို အသုံးပြုနည်း
----------------------------
ဒီနည်းလမ်းကသင့်ရဲ့ Network မှာချိတ်ဆက်နေတဲ့ Device အားလုံးကို ရာနှုန်းပြည့် သိရှိနိုင်ပါတယ်။ ဒါပေမယ့် Router တိုင်းမှာ အဲဒီသတင်းအချက် အလက်တွေ မပါရှိပါဘူး။ Router ရဲ့ IP Address ကိုဘရောက်စာရဲ့ Address Bar မှာရိုက်ထည့်ပြီး Log In ၀င်ပါ။ များသော အားဖြင့်တော့ http://192.168.0.1သို့မဟုတ် http://192.168.1.1တို့ ဖြစ်ပါတယ်။ Router မှာလည်း လိပ်စာကို Username, Password များနဲ့ အတူ ရေးထား တတ်ပါတယ်။ Log In ၀င်ပြီးရင် Attached Devices သို့မဟုတ် Device List လို ကဏ္ဍကိုရှာဖွေပါ။ အဲဒီကဏ္ဍမှာ ချိတ်ဆက်နေတဲ့ Device တွေကို IP Address တွေနဲ့ ခွဲခြား ပြသပေးထားပါတယ်။ အပေါ်က နည်းလမ်းမှာ ဖော်ပြထားသလိုပဲ သင့် Device တွေရဲ့ IP Address တွေကို ရှာဖွေပြီး နာမည်များ သတ်မှတ်ပေးမှသာ ခိုးသုံးနေသူရဲ့ Device တွေကို ခွဲခြားနိုင်မှာပါ။
သင့်ရဲ့ WiFi ကို လုံခြုံစေဖို့
---------------------------
WEP ဟာသင့် Network ရဲ့ လုံခြုံရေးအတွက် စိတ်မချရပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက် ကတည်းက ထုတ်လုပ်တဲ့ Router တွေမှာ ပိုမိုလုံခြုံတဲ့ စနစ် ပါရှိလာပါတယ်။ သင့်ရဲ့ Router ကို Log In ၀င်ပြီးရင် Wireless Settings ကဏ္ဍကို ရှာပါ။ Security Options မှာ WPA သို့မဟုတ် WPA 2 ကိုပြောင်းလဲ သုံးပါ။ အချို့ Device တွေဟာ WPA 2 နဲ့ အလုပ် မလုပ်တဲ့အတွက် နှစ်ခုစလုံးကို အသုံးပြုနိုင်တဲ့ Option ကိုရွေးချယ်နိုင်ပါတယ်။ နောက်ပြီးWiFi Password ရွေးချယ်တဲ့ အခါမှာလည်း Lower, Upper Case Letters, Numbers, Special Character တွေပါတဲ့ အက္ခရာအနည်းဆုံး ၁၅ လုံးလောက် သတ်မှတ်သင့် ပါတယ်။
WiFi Password ကို ဖောက်ထွင်း ခိုးယူနိုင်တဲ့ နည်းလမ်းတွေ၊ ဆော့ဝဲတွေများစွာ ရှိနေတယ်ဆိုတာကို လူတော်တော်များများက မသိကြပါဘူး။ အဲဒီအတွက် သတိချပ်သင့်ကြောင်း ဒီဆောင်းပါးကနေ တင်ပြ လိုက်ပါတယ်။
ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) အေရးႀကီးတဲ့ ဖုန်းဝင်လာရင် လက်မလွတ်စေဖို့ Essential Calls လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Acer Aspire E1-510P-2671 Laptop Review ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး
- (အနောကျသို့) SIM Card အသုံးပြုနိုင်သော Samsung Gear Solo စမတ်နာရီကို စက်တင်ဘာလတွင် ကြေညာမည် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Acer Aspire E1-510P-2671 Laptop Review ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး