အသက်အရွယ် ကြီးသူများကို စောင့်ရှောက်ပေးမည့် Tempo စမတ်နာရီ

ချပ်ဝတ်တန်ဆာ ကွန်ပြူတာလောကသို့ နောက်ဆုံး ၀င်ရောက်လာသော စမတ်နာရီသည် အသက်အရွယ် ကြီးသူများ၏ ကျန်းမာရေးကို စောင့်ရှောက် ပေးနိုင်ပါသည်။ Tempo ဟု အမည် ပေးထားပြီး အသက်အရွယ် ကြီးသူများကို စောင့်ကြည့် စစ်ဆေးနိုင်ပြီး မိသားစုဝင် များထံသို့ အသိပေးနိုင်သည့် စနစ်ဖြစ်ပါသည်။

Tempo သည် အသက်အရွယ် ကြီးသူများ၏ လမ်းလျှောက်မှု ၊ အိပ်စက်အနားယူမှုကို စောင့်ကြည့် သတင်းပေးနိုင်ပါသည်။ လူကြီးများ အိမ်၏ မည်သည့်နေရာတွင် ရောက်ရှိနေသည်၊ မည်သည့်အလုပ်များ ပြုလုပ်နေသည်ကိုလည်း ခြေရာခံနိုင်ပါသည်။ နေ့စဉ် ပြုလုပ်လေ့ရှိသည့် အမူအကျင့်များကို မှတ်တမ်း တင်ပေးနိုင်ပါသည်။ Tempo က သတင်းအချက်အလက်များကို မိသားစုဝင် တစ်ယောက်ထံသို့ Message နှင့် Email မှတဆင့် ပေးပို့ပေးမည် ဖြစ်သည်။

Tempo သည် Device သုံးခုပါရှိသော စနစ်ဖြစ်ပါသည်။ လက်ပတ်နာရီ၊ လှုပ်ရှားမှုကို တိုင်းတာနိုင်သော နေအိမ်တွင် တပ်ဆင်ရသည့် Sensor များနှင့် သတင်း အချက်အလက်များကို မိသားစုဝင်ထံသို့ ပေးပို့ သည့် ဆက်သွယ်ရေး ကိရိယာများ ဖြစ်ပါသည်။

Tempo ကို ထုတ်လုပ်ရောင်းချရန် Fundables ၀က်ဆိုက်တွင် ရန်ပုံငွေ ကောက်ခံလျှက်ရှိပါသည်။ ဒေါ်လာ ၁၄၉ ထည့်ဝင်သူများအတွက် Tempo ကို ၀ယ်ယူနိုင်မည် ဖြစ်ပြီး သုံးလအခမဲ့ စောင့်ကြည့်နိုင် ပါသည်။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...