Viagra ‘ဗိုင်ယာဂရာ’ ဆေးရည် ရောင်းလို့ အဖမ်းခံရ

• ဒီမနက် တရုပ်ပြည်က လာတဲ့သတင်းပါ။ အဖမ်းခံရ သူဟာ ‘ဟူဘိုင်း’ ဒေသက ‘ဂျန်ရှိကောင်တီ’ မှာရှိတဲ့ ဆေးစက်ရုံပိုင်ရှင် ‘ဟူအန်’ ဖြစ်ပါတယ်။ Sildenafil citrate ‘ဆဲလ်ဒန်နဖေးလ်’ ဆေးဟာ Erectile dysfunction ခေါ်တဲ့ ပန်းသေပန်းညှိုး အတွက် ပေးရတဲ့ဆေး ဖြစ်တယ်။
• သူဟာ ‘ဆဲလ်ဒန်နဖေးလ်’ ၁ ကီလိုဂရမ်ကို ဒေါ်လာ ၃၉ဝ (ယွန် ၂၄ဝဝ) နဲ့ အွန်လိုင်းကနေ ဝယ်ခဲ့တယ်။ ဆေးရည် ပုလင်းပေါင်း ၂၁ဝဝ ထုတ်လုပ်ပါတယ်။ ၁ဝဝ မီလီလီတာ ပုလင်းထဲမှာ ၁၃ဝ မီလီဂရမ် ထည့်ပြီး ဆေးဖေါ်ပါတယ်။ လီတာပေါင်း ၇၅ဝ ကို ရဲဖမ်းမိခဲတယ်။ ၁ဝဝ မယ်လ် ပါ ပုလင်းပေါင်း ၄၂ဝ + ၇၅ဝ ရောင်းချပြီးပါပြီ။ သူ့မိတ်ဆွေတယောက်ကိုလဲ ပုလင်းပေါင်း ၈၁ဝ လက်ဆောင် ပေးပါသေးတယ်။ တပုလင်းကို ယွန် ၃ဝ နဲ့ရောင်းပါတယ်။
• ဆရာဝန်တွေအဆိုအရ အဲလိုဆေးရည်လုပ်ရင် နှလုံး-သွေးကြောဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ပိုရစေမယ်။
• တရားဝင်ဆေးနာမည်က Viagra ‘ဗိုင်ယာဂရာ’ ဖြစ်ပါတယ်။ Viagra ဆေးကို တရားဝင်နာမည် သုံးခွင့် ရှိတာက အမေရိကမှာရှိတဲ့ Pfizer ‘ဖိုက်ဇာ’ ဆေးကုမ္ပဏီ တခုတည်းကသာ ဖြစ်တယ်။ ဓါတုဗေဒလို PDE5 အမျိုးအစား ဖြစ်တယ်။ ၁၉၉၈ ကနေစရောင်းပါတယ်။ အခုဆိုရင် တနှစ်မှာ ဒေါ်လာ ၁၉၃၄ သန်း ဘိုး ရောင်းရပါတယ်။
• ဈေးကွက်ထဲမှာ သူနဲ့အပြိုင် tadalafil (Cialis) နဲ့ vardenafil (Levitra).ဆေးတွေရှိပါတယ်။ ဆေးချင်း တူတယ်။
• အိန္ဒိယမှာ Kamagra (Ajanta Pharma), Silagra (Cipla), Edegra (Sun Pharmaceutical), Penegra (Zydus Cadila) နဲ့ Zenegra (Alkem Laboratories) နာမည်တွေနဲ့ရောင်းပါတယ်။ မလေးရှား မှာ ၂ဝဝ၈ တုံးက Viagra coffee ‘ဗိုင်ယာဂရာ ကော်ဖီ’ ဆိုပြီးရောင်းလို့ ရဲကဖမ်းခဲ့တယ်။
• Viagra ‘ဗိုင်ယာဂရာ’ ဆေးက တကယ်ထိရောက်ပါတယ်။ ဘေးထွက်ဆိုးကျိုးလဲ မများပါ။ နှလုံး သွေးကြော ကျဉ်းသူတွေသာ မသင့်ပါ။ ၅ဝ မီလီဂမ်ဆိုရင် လုံလောက်တယ်။ အလွန်ဆုံး တနေ့မှာ ၁ဝဝ မီလီဂရမ်သာ သုံးရတယ်။ 


ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၄
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...